မင်းလှက အမျိုးသားတဦး အဖမ်းခံရပြီး တပတ်အတွင်း သေဆုံး

မင်းလှက အမျိုးသားတဦး အဖမ်းခံရပြီး တပတ်အတွင်း သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အမျိုးသားတဦး ရဲစခန်းဝန်းအတွင်းသေဆုံးခဲ့ပြီးနောက် အဲ့ဒီအမျိုးသားဟာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေဆုံးတယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းလွှင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

သေဆုံးသူဟာ မင်းလှမြို့မှာ ကွမ်းယာရောင်းချနေတဲ့ အသက် ၄၆ နှစ်အရွယ် ကိုပတ်တီး ဖြစ်ပြီး ဩဂုတ် ၂၇ ရက် မနေ့နေ့လယ် ၂ နာရီကျော်လောက်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ကိုပတ်တီးကိုရဲစခန်းဝင်းထဲက လူမနေတဲ့လိုင်းခန်းမှာစစ်ဆေးရင်းနဲ့ သေတာ၊ အချုပ်ထဲမှာ ထားတာမဟုတ်ဘူး။ သူတို့သတ်ပြီးတော့မှ ကြိုးဆွဲချတာလို့ သတင်းထုတ်တာ သတ်သေတာ မဖြစ်နိုင်ဘူး” လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကြိုးဆွဲချသေဆုံးသူဟာ ငယ်ချေးနဲ့ သုတ်ရည်ထွက်ရမှာဖြစ်ပြီး ကိုပတ်တီးမှာတော့ ကြိုဆွဲချသေဆုံးတဲ့ သက်သေလက္ခဏာတွေ မတွေ့ရဘူးလို့သိရကြောင်းလည်း သူက ဆက်ပြောပါတယ်။ 

လက်ရှိမှာ အလောင်းကိုတော့ မင်းလှဆေးရုံကိုပို့ဆောင်ထားပြီး မှတ်တမ်းဓါတ်ပုံရိုက်ခွင့်မပြုသလို မိသားစုကိုလည်း ပြန်သယ်ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

ကိုပတ်တီးဟာ စစ်ကောင်စီတပ်တွေဖမ်းဆီးထားတဲ့ မင်းလှမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာက ဦးပျော့ဆိုသူကို စစ်ကြောရေးမှာသေပြီလို့ သတင်းထွက်နေတဲ့အတွက် နာရေးကူဖို့ပိုက်ဆံစုတာကို မမှန်သတင်းလွှင့်တယ်ဆိုကာ သြဂုတ် ၂၁ ရက်ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးပြီလို့ သတင်းထွက်ပေါ်ခဲ့တဲ့ မင်းလှမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာက ဦးပျော့ဆိုသူဟာ စိတ်ကျန်းမာရေးချို့တဲ့သူတဦးဖြစ်ပြီး NLD အင်္ကျီဝတ်လို့ဆိုကာ သြဂုတ် ၁၉ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။  

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ဩဂုတ်လကလည်း သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တောရကုန်းရွာက အသက် ၆၀ နှစ်အရွယ် ဦးအုန်းသန်းကို စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကိုခံရပြီး စစ်ကြောရေးမှာပဲ သေဆုံးခဲ့ရပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ကိုပတ်တီး #စစ်ကောင်စီ #ဖမ်းဆီး #သတင်း #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10