မင်းလှတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနား(ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်က တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့ သာယာဝတီခရိုင်  တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။

ကျဆုံးသူဟာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသက် ၃၆ နှစ် အရွယ် ရဲဘော်ကုလားဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၉ ရက် မနေ့ မွန်းလွဲ ၂ နာရီလောက်က သင်္ဂြိုဟ်ခဲ့တာလို့ ပြောပါတယ်။

ရဲဘော်ကုလားဟာ မင်းလှမြို့နယ် ပဲခူးရိုးမက ခါချဉ်တောင်ကို တက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့  ဖေဖေါ်ဝါရီလ ၁၈ ရက်က တနေကုန်နီးပါး တိုက်ခိုက်နေချိန်  ညနေ ၃ နာရီလောက်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ကပစ်တဲ့ ကျည် ဦးခေါင်းထိမှန်ကျဆုံးခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၁ ရက် မနက်ကလည်း အုတ်ဖိုမြို့နယ် မင်းလှဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ခွဲ ၂ ဧရာညီနောင်စစ်ကြောင်းနဲ့   သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တို့ ပေါင်းကာ တိုက်ခိုက်ချိန် ဧရာညီနောင်စစ်ကြောင်းက ရဲဘော်တောင်တန်းလည်း ကျဆုံးခဲ့ပါသေးတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #ပဲခူးရိုးမ #မင်းလှ #သာယာဝတီခရိုင် #တပ်ရင်း၃၈၀၂ #တပ်ခွဲ ၅ #ကျဆုံး #ရဲဘော် #သင်္ဂြိုဟ်ပေး #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10