မင်းလှမြို့နယ်မှာ အမျိုးသား ၆ ဦးကို ဖမ်းဆီးလာတဲ့ စစ်ကြောင်းကို PDF တွေ တိုက်ခိုက်

မင်းလှမြို့နယ်မှာ အမျိုးသား ၆ ဦးကို ဖမ်းဆီးလာတဲ့ စစ်ကြောင်းကို PDF တွေ တိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အမျိုးသား ၆ ဦးကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၂ ရက် မနေ့မနက်က တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

မင်းလှမြို့နယ်အပိုင် ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီးကနေ အမျိုးသား ၆ ဦးကို ဖမ်းလာတဲ့ အင်အား ၂၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မနက် ၉ နာရီခွဲလောက်မှာ ခါချဉ်တောင်အနီး ပတ်ကွေ့ကြီးအဆင်းမှာ ထိပ်တိုက်တိုးကာ ၁၅ မိနစ်ခန့် အပြန်အလှန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

”ကင်းလှည့်သွားရင်းတိုးလို့ လက်ဦးမှုယူပြီး လက်နက်ငယ်နဲ့ပစ်တာမှာ  စစ်သားတဦး အရုပ်ကြိုး ပြတ်လဲကျသွားတယ်“ လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

ရွာသား ၆ ဦးရဲ့ လက်တွေကို ကြိုးချည်ကာ ဖမ်းဆီးလာတာဖြစ်ပြီး ဘယ်ကနေ ဖမ်းဆီးလာတယ်ဆိုတာနဲ့ အမည်နေရပ်တွေမသိရဘူးလို့ သူက ဆက်ပြောပါတယ်။  

တိုက်ပွဲအပြီးမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဒဏ်ရာရသူကို ခေါ်ဆောင်ပြီး မင်းလှဘက်ကို ပြန်ဆင်းသွားကာ မင်းလှမြို့နယ် ဘန့်ဘွေးကုန်းရွာမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း မင်းလှမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့်ရိုးဖြတ်လမ်း ဟိုင်းယုလမ်းဆုံကနေ တက်လာတဲ့စစ်ကြောင်းကို  အင်တိုင်းကုန်းရွာအနီးကနေ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တိုက်ခိုက်ခဲ့ကြပါ သေးတယ်။ 

ပုံစာ - စစ်ကြောင်းချီတက်နေတဲ့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲဘော်များ(ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှမြို့နယ် #စစ်ကောင်စီ #ဖမ်းဆီး #PDF #စိန်ကန့်လန့် #ပဲခူးရိုးမ #တိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10