မင်းလှမှာ PDF တွေ လုံခြုံရေးစစ်ဆေးနေချိန် ပျူစောထီး ၁ ဦးရှင်းလင်းခံရ

မင်းလှမှာ PDF တွေ လုံခြုံရေးစစ်ဆေးနေချိန် ပျူစောထီး ၁ ဦးရှင်းလင်းခံရ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းလုံခြုံရေးစစ်ဆေးနေချိန် ဖေဖော်ဝါရီ ၅ ရက်မှာ ပျူစောထီးတယောက်ကို ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဆီက သိရပါတယ်။

မင်းလှမြို့နယ်၊ စိန်ကန့်လန့် - မြို့ချောင်းလမ်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃၈၀၂ တပ်ခွဲက အင်အား ၁၅ ဦးလောက်နဲ့ လုံခြုံရေးယူစစ်ဆေးနေချိန် မနက် ၁၁ နာရီလောက်က အသက် ၄၀ နှစ်ဝန်းကျင်အရွယ် ပျူစောထီးတဦးဖြစ်တဲ့ ကိုရှိုင်းလင်းအောင်ကို သုတ်သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ စစ်ဆေးနေတဲ့ ဂိတ်နားကို ရှိုင်းလင်းအောင်က ဆိုင်ကယ်နဲ့ရောက်လာတာကို သူမှန်းသိလို့ လိုက်ဖမ်းပြီး ရင်ဘတ်ကို ဓါးနဲ့ သုံးချက်ထိုးလိုက်တာ” လို့  ၃၈၀၂ တပ်ရင်း၊ သတင်းတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။ 

ပျူစောထီးဆိုသူမှာ နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူ့ထံက ဆိုင်ကယ်တစီး၊ ဖုန်းတလုံး၊ မှတ်ပုံတင်တခု၊ ငွေတထောင်ကျပ်တို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုရှိုင်းလင်းအောင်ဟာ စစ်သားတွေနဲ့ပေါင်းကာ ဒေသခံတွေရဲ့ ကျွဲ၊ နွားတွေကို သတ်ဖြတ်စားသောက်တာ၊ စစ်ရှောင်နေတဲ့ ဟိုင်းယုလမ်းစုံက အိမ်တွေကို ဖျက်ဆီးတာတွေလည်း ပြုလုပ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီလောက်ကလည်း မင်းလှမြို့နယ်၊ ဝက်လှလေးရွာက စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး ကိုဇော်လွင်ကို ကြို့ကုန်းရွာထိပ်အနီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ၃ ချက် ပစ်ခတ်လို့ ပါးပြင်မှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူပျူစောထီးနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများ။

စာတည်း ​- လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှ #ပျူစောထီး #ရှင်းလင်းခံရ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10