မင်းလှမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

မင်းလှမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၂၁ ရက်က ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့တပ်ခွဲမှူးဆီက သိရပါတယ်။ 

မင်းလှမြို့နယ် ဇာမဏီတောင်ပေါ်ဂိတ်ကနေ အင်အား ၁၅ ဦးနဲ့ ခြေလျင်ရှေ့ပြေးလာတာကို နေ့လယ် ၁၂ နာရီလောက်မှာ ပတ်ကွေ့ကြီးတောင်ကြောအဆင်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇာမဏီတောင်ပေါ်ဂိတ်က ဖမ်းဆီးထားတဲ့သစ်တွေကို ကားနဲ့သယ်မယ်ဆိုတဲ့သတင်းကြားလို့ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ လက်နက်ကြီး/ငယ်နဲ့ ပြန်လှန်ပစ်ခတ်မှု မိနစ် ၂၀ လောက်ကြာမြင့်တယ်လို့ ဆိုပါတယ်။

“စကစဘက်က ၁၅ ဦးကို ကျနော်တို့က ဝိုင်းပစ်တာ မျက်မြင်အရ စကစဘက်က ၇ ကောင်က လဲကျသွားတာ ပြန်သိရတာက ၆ ကောင်ကသေတယ်။ ၁ ကောင်ပြင်းထန်ဒဏ်ရာရတယ်ကြားလို့ စုံစမ်းတော့ စကစဘက်က စစ်ခွေး ၂ ကောင်အလောင်းကိုတော့ ပြည်ဆေးရုံကိုပို့တယ်ဆိုတာကို တိကျတဲ့အချက်အလက်လည်း ရရှိထားတယ်။" လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့တပ်ခွဲမှူးက ပြောပါတယ်။

အခုလိုကြားဖြတ်တိုက်ခိုက်ရာမှာ ပြောက်ကျားစစ်ဗျူဟာကို အသုံးပြုတိုက်ခိုက်တာဖြစ်လို့ တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

မင်းလှမြို့နယ်ဒေသခံတဦးကလည်း ဒဏ်ရာရစစ်သား ၂ ဦးကို  မင်းလှလူမှုကယ်ဆယ်ရေး အသင်းကားနဲ့ ပြည်မြို့ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်သွားတယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်မှာ ခါချဉ်တောင်ပေါ်က စစ်ကောင်စီဂိတ်ကို မီးရှို့ဖျက်ဆီးသိမ်းပိုက်ခဲ့သလို စက်တင်ဘာ ၁၆ ရက်မှာတော့ ခါချဉ်တောင်စခန်းကို ပြန်လည်သိမ်းပိုက်ဖို့လာတဲ့ ဖောကား ၂ စီးနဲ့ အင်အား ၆၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မင်းလှ #ပဲခူးရိုးမ #စစ်ကောင်စီခြေလျင်ရှေ့ပြေး #တိုက်ခိုက်ခံရ #စစ်သား #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10