မင်းလှမှာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို စစ်ကောင်စီဘက်က လိုက်ဝေ

မင်းလှမှာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို စစ်ကောင်စီဘက်က လိုက်ဝေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ခရီးသွားပြည်သူတွေကို စစ်ကောင်စီအဖွဲ့ တွေက စစ်မှုမထမ်းမနေရဥပဒေနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေခဲ့တယ်လို့ လက်ခံရရှိသူ လူငယ်တဦးက ပြောပါတယ်။

မင်းလှမြို့နယ်၊ ရန်ကုန် - ပြည်လမ်း၊ သရက်တပင်တာဆုံမှာ စစ်သားနဲ့ရဲ ဆယ်ဦးဝန်းကျင်က ဖေဖေါ်ဝါရီ ၂၀ ရက်မှာ ဝေခဲ့တာလို့ ပြောပါတယ်။

“အဖက်လုပ်မပြောချင်လို့ စစ်မှုထမ်းစာစောင်ယူလာရတာ သိပ်တော့မယူချင်ဘူး။ သူတို့ စစ်တပ် အတွက် အသေမခံနိုင်ဘူး။ မတတ်သာလို့ ဝင်ရရင်လည်း အသက်မသေအောင် ကြိုးစားရမှာပဲ” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သာမန်အရပ်သားတွေကို စစ်မှုထမ်းကာလ ၂ နှစ်နဲ့ ပညာရှင်တွေကို ၃ နှစ် စစ်မှုထမ်းရမယ် ဆိုပေမယ့် အရေးပေါ်အခြေအနေဆိုတဲ့စကားရပ်နဲ့ ချုပ်ထားတာကြောင့် သေမှသာ စစ်တပ်ကထွက်ရမယ့် အခြေနေဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီလက်ကမ်းစာစောင်ထဲမှာ စစ်မှုထမ်းဖို့အတွက် သင်တန်းတပတ်စဉ်လျင် ၅၀၀၀ ဦး ခေါ်ယူမှာဖြစ်ပြီး အမှတ်စဉ် ၁ အတွက် အကျုံးဝင်သူ အမျိုးသားတွေကိုသာ ခေါ်ယူမှာဖြစ်ပြီး အမျိုးသမီးတွေကို အပတ်စဉ် ၅ ရောက်မှသာ ခေါ်ယူမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အမျိုးသား ၁၈ နှစ်မှ ၃၅ နှစ် အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ် သတ်မှတ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာရပ်တတ်မြောက်ထားသူတွေဆိုရင် အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ် အမျိုးသမီး ၁၈ နှစ်မှ ၃၅ နှစ်ထိ သတ်မှတ်ထားတာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်၊ သန်းခေါင်စာရင်း အရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒဿမ ၃ သန်း၊ အမျိုးသမီး ၇ ဒဿမ ၇ သန်းရှိပြီး  စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေကို သင်္ကြန်အပြီးမှာ စတင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။ 

ဒီဥပဒေ အတည်ပြုပြီးနောက်မှာ စစ်မှုမထမ်းလိုသူတွေဟာ တချို့က နီးစပ်ရာ PDF တပ်ရင်းတွေဆီ ဝင်ရောက်ကြပြီး တချို့ကလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #စစ်မှုမထမ်းမနေရဥပဒေ #လက်ကမ်းစာစောင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10