မင်းလှမှာ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ပစ်သတ်

မင်းလှမှာ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့မရဲစခန်း၀န်းထဲမှာ ဇူလိုင် ၆ ရက်ဒီနေ့ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီလက်အောက်ခံ ရဲအချင်းချင်းစကားများရာက သေနတ်နဲ့ပစ်ခဲ့တာကြောင့် ရဲတဦးသေဆုံးတယ်လို့ သိရပါတယ်။

 

သေဆုံးတဲ့ရဲဟာ မင်းလှမြို့မရဲစခန်းက အသက် ၂၅ နှစ်အရွယ် ကိုချစ်ထွေးဖြစ်ပြီး ပစ်ခတ်တဲ့ရဲက‌တော့ စစ်ကွင်းနယ်မြေရဲစခန်းကနေ မင်းလှရဲစခန်းကို တွဲဘက်တာဝန်ကျသူ ဖြစ်တယ်လို့ ဆိုပါတယ်။

 

"ချစ်ထွေးကမူးပြီး ရစ်နေလို့ စစ်ကွင်းရဲက သေနတ်နဲ့ တချက်တည်းပစ်လိုက်တာမှာ ဗိုက်ပွင့်ပြီးသေတာ။ ပစ်တဲ့ရဲရဲ့အမည်နဲ့ တာဝန်တော့ မသိရဘူး"လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 

လက်ရှိမှာသေဆုံးသူချစ်ထွေးရဲ့အလောင်းဟာ မင်းလှဆေးရုံရင်ခွဲရုံကနေ မင်းလှရဲစခန်းကို ပြန်ရောက်နေပြီလို့ သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူမှုတွေပြုလုပ်မယ်ဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ 

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ရဲအချင်းချင်းပစ်ခတ်မှု #ရဲတဦးသေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10