သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ် ပဲခူးရိုးမအစပ်မှာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီဗိုလ်တဦး ဆိုင်ကယ်မှောက်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
သေဆုံးသူမှာ မင်းလှအခြေစိုက် ခလရ ၁ က သုံးပွင့်ဗိုလ်ကြီးတဦးဖြစ်ပြီး ဟိုင်းယုလမ်းစုံမှာ ကင်းပုန်းဝတ်နေတဲ့ စစ်သားတွေဆီကနေ တယောက်တည်းပြန်လာချိန် မြို့ချောင်း -စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဘန့်ဘွေးကုန်းရွာနဲ့ အောင်ဆန်းမြိုင်(ဝံလူး)ကျေးရွာကြားရှိ သဲဖြူကွေ့ကားလမ်းပေါ်မှာ ဆိုင်ကယ်မှောက်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“စစ်*ဗိုလ်တကောင် ဆိုင်ကယ်မှောက်ပြီး မသာပေါ်သွားတယ်ဗျ။ အဲ့*က အရက်ကလည်း မတရားသောက်ထားတော့ လမ်းကွေ့ကို သတိမထားမိပဲ မှောက်ပြီးပွဲချင်းပြီး မသာပေါ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဦးခေါင်းထိခိုက်ပြီးနေရာမှာတင် သေဆုံးခဲ့ကာ အလောင်းကိုတော့ လူမှုကူညီရေးအသင်တွေက ပြည်မြို့ကို သယ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက် မနက်အစောပိုင်းကလည်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ မြို့ချောင်း - စိန်ကန့်လန့်ရိုးမဖြတ်လမ်း ခါချဥ်တောင်အဆင်းမှာ စစ်ကောင်စီကားတစီး တိမ်းမှောက်လို့ အရာရှိတဦးအပါ စစ်သားအချို့ သေဆုံးခဲ့ပါသေးတယ်။
အခုရက်ပိုင်း မင်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး ဒီဇင်ဘာလ ၈ ရက်ကလည်း စမ်းဘုတ်ရွာစစ်ကောင်စီဂိတ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။
ပုံစာ - မင်းလှမြို့နယ်ထဲက ခရီးသွားပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်အုပ်စု(ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #မင်းလှ #ခလရ၁ #သုံးပွင့်ဗိုလ် #ဆိုင်ကယ်မှောက် #သေဆုံး #သတင်း #မြေလတ်သတင်း
Share Share Share