မင်းလှမှာ  အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

မင်းလှမှာ  အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်အုပ်ချုပ်ရေးမှူး ကိုမောင်ဉာဏ်ကို ဒီဇင်ဘာ ၃၁ ရက် မနက် ၉ နာရီလောက်က ဂန့်ဂေါ်ပင်ရွာနဲ့ ဗိုလ်တထောင်ရွာကြားမှာ ဆိုင်ကယ်နဲ့ တဦးတည်းသွားနေတာကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ဦးခေါင်းနဲ့ လည်ပင်းကို မှန်တာ ပွဲချင်းပြီးမသေဘူး။ ရန်ကုန်ဆေးရုံကို ချက်ချင်းပို့တာ မနေ့ည ၉ နာရီလောက်က သေသွားပြီလို့ သတင်းပြန်ကြားရတယ်“လို့  တပ်ခွဲ ၂ ရဲ့  သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ရှိန်းက ပြောပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ နဲ့ ၃ တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကိုမောင်ဉာဏ်ဟာ ပျူစောထီးသင်တန်းတက်ရောက်ထားသူဖြစ်ပြီး လူငယ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ အမြဲလို စည်းရုံးနေသူဖြစ်ကာ ပျုစောထီးခေါင်းဆောင်လည်းဖြစ်ပြီး စစ်ကောင်စီတပ်ကို တော်လှန်ရေး ရဲဘော်တွေရဲ့ သတင်းအချက်အလက်တွေ အမြဲပေးနေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာက စစ်ကောင်စီကင်းစခန်းကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှမြို့နယ် #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #သေနတ် #သာယာဝတီခရိုင်တပ်ရင်း #ပျူစောထီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10