မင်းလှမှာ ၃ မွှာမွေးထားတဲ့ကလေးထဲက ၁ ဦး ကျန်းမာရေးချို့ယွင်းလို့ အကူညီလိုအပ်နေ

မင်းလှမှာ ၃ မွှာမွေးထားတဲ့ကလေးထဲက ၁ ဦး ကျန်းမာရေးချို့ယွင်းလို့ အကူညီလိုအပ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ ၃ မွှာမွေးထားတဲ့ ကလေးတွေထဲက ၁ ဦးဟာ ကျန်းမာရေးချို့ယွင်းနေတဲ့အတွက် ဆေးဝါးကုသစရိတ်လိုအပ်နေတယ်လို့ လူမူကွန်ယက်စာမျက်နာတခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စု၊ ချောင်းခွကျေးရွာနေ ကိုဇော်ထူး၊ မခင်လပြည့်တို့ ဇနီးမောင်နှံကနေ ယောက်ျားလေး သုံးမွှာကို အခုနှစ် ဧပြီလ ၁ ရက်က မွေးဖွားခဲ့တာလို့ ဓါတ်ပုံပါ မွေးစာရင်းမှတ်တမ်းတွေအရ သိရပါတယ်။

အခု သုံးမွှာကို ဒုတိယမြောက်မွေးဖွားတာဖြစ်တယ်လို့ သိရပြီး ကလေးငယ်တွေရဲ့ ဖခင်ဟာ ကြုံရာကျပန်းအလုပ်လုပ်သူ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလူမူကွန်ယက်စာမျက်နာမှာပဲ ကလေးငယ် ၁ ဦးရဲ့ကျန်းမာရေး ကုသရန်နဲ့ နို့မှုန့်ဖိုး၊ ကလေးအသုံးဆောင်ပစ္စည်းတွေ လိုအပ်နေလို့ အလှူရှင်တွေနည်းများမဆို လှူဒါန်းပေးဖို့လည်း ဖော်ပြထားပါသေးတယ်။ 

လှူဒါန်းလိုသူတွေအနေနဲ့ ကိုအောင်မျိုးထွန်း၊ ကိုသက်နိုင်ဝင်း နဲ့ ကိုလှမျိုးအောင် တို့ကို စုံစမ်းဆက်သွယ် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူတိုင်း #မင်းလှ #ကလေးသူငယ် #ကျန်းမာရေး #ကုသရေး #အကူညီလိုအပ် #ထောက်ပံ့ရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10