မင်းအောင်လိူင်မွေးနေ့ ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်မှာ စာတန်းချိတ်ပြီး မိုင်းခွဲ

မင်းအောင်လိူင်မွေးနေ့ ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်မှာ စာတန်းချိတ်ပြီး မိုင်းခွဲ

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် မွေးနေ့ဖြစ်တဲ့ ဇူလိူင်လ ၃ ရက်၊ ဒီမနက် ၉ နာရီလောက်က ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်အဝင် ဆိုင်းဘုတ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ပြီး မိုင်းဖောက်ခွဲခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

 

ပေါင်းတည်မြို့နယ်နဲ့ သဲကုန်းမြို့နယ်အစပ် ရန်ကုန် - ပြည်လမ်းကပေါ်က ဆိုင်းဘုတ်မှာ "တတိုင်းလုံးညီ တပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ပွဲ" စာတန်းကိုချိတ်ပြီး အနီးမှာပဲမိုင်း ၂ လုံးခွဲခဲ့တာလို့ ဆိုပါတယ်။

 

"မင်းအောင်လိူင်မွေးနေ့အထိမ်းအမှတ် မိုင်းခွဲခဲ့တာပါ လုံခြုံရေးအစစ်ဆေးများတဲ့ ကြားကလုပ်ခဲ့ရတာပါ၊ သာသာယာယာနဲ့ပဲ ပြန်ရောက်ပါတယ်။" လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မြို့ပြပြောက်ကျားရဲဘော်တဦးက ပြောပါတယ်။

 

ပေါင်းတည်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေချထားသလို ပေါင်းတည်နဲ့ကြာနီကန်ကျေးရွာဘက်ကို ဆက်သွယ်တဲ့လမ်းမှာလည်း စစ်ကောင်စီဂိတ် ၄ ဂိတ်ချထားပေမယ့်  စစ်ဆေးတာမျိုးတော့မရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လာရောက်တိုက်ခိုက်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦးကပြောပါတယ်။

 

ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တွေမှာလည်း မနက် ၆ နာရီကနေ ၆ ညနေထိသာ ထွက်ခွင့်ပြုပြီး အုပ်ချုပ်ရေးမှူးတွေကိုလည်း နေအိမ်အပြင်မထွက်ဖို့ သတိပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ​ကြောင့် ပြည်သူအချို့ထိတ်လန့်နေသလို စျေးဆိုင်အချို့ ညနေ ၆ နာရီမတိုင်မီ ပိတ်သိမ်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

 

ဇူလိူင်လ ၂ ရက်မနေ့ညကလည်း ပေါင်းတည်အချုပ်ထောင် အပေါ်ထပ်ကို ရဲတပ်ဖွဲ့ဝင်အချို့ဝင်ရောက် နေရာယူတာမျိုးတွေ အထိရှိခဲ့တယ်လို့လည်း အမည်မဖော်လိုသူ အကျဥ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #စစ်ကောင်စီ #မင်းအောင်လှိုင် #မြို့ပြပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10