မတ္တရာ ငါးလုံးပြွန်ရွာမှာ တပ်စွဲထားတဲ့စစ်တပ် ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

မတ္တရာ ငါးလုံးပြွန်ရွာမှာ တပ်စွဲထားတဲ့စစ်တပ် ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာမှာ ၃ လကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇွန် ၂၈ ရက် နေ့လယ်ပိုင်းမှာ ကာကွယ်ရေတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ငါးလုံးပြွန်ကျေးရွာမှာ အင်အား ၅၀ ကျော်နဲ့ ၃လကျော်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက နာရီဝက်ခန့်ကြာ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးနဲ့ ဒဏ်ရာရစာရင်းကို မြေပြင်သတင်းအရ ပြန်လည်ကြား သိရတာဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း အခုလိုတပ်စွဲထားတာကြောင့် ကျေးရွာထဲက ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ သွားရောက်နေထိုင်ကြရတာပါ။ အခုလိုတိုက်ခိုက်ခံပြီး ညနေပိုင်းလောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရ ပါတယ်။ 

“ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီး ညနေပိုင်းလောက်မှာ ရွာထဲကနေ သူတို့ထွက်သွားတယ်။ ဒါပေမဲ့ ဒီနေ့ (ဇွန် ၂၉) ညနေမှာ အင်အားအများအပြားနဲ့ ပြန်ဝင်လာတယ်လို့ကြားတယ်။ ရွာသားတွေကတော့ သူတို့ရွာထဲမှာ တပ်စွဲကတည်း ရှောင်နေတာ အခုချိန်ထိပဲ” လို့ မြေခွေးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မြေခွေးက ဆက်ပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို မိုးမခမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ မြေခွေး ပြင်ဦးလွင်ခရိုင်ပကဖနဲ့ မြေခွေးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။  

 

စာတည်း − လင်းဇေ

 

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #ငါးလုံးပြွန်ရွာ #စစ်တပ် #ပစ်ခတ်ခံရ #မြေခွေးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  #ဗိုလ်မြေခွေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10