မတ္တရာနယ်က နေအိမ်တွေကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှုဖြစ်

မတ္တရာနယ်က နေအိမ်တွေကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှုဖြစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာနယ်က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးပူးပေါင်တပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန် ၁၈ ရက် မနက် ၂ နာရီလောက်မှာ မတ္တရာမြို့ပေါ်ကနေ ဖောကား ၃ စီးနဲ့ ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်း၊ တောင်တံငါရွာက ဖောကား ၂ စီး နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း၊ ရေနံ့သာကျေးရွာက ပြည်သူ့စစ်တို့နဲ့ ပူးပေါင်းထားတဲ့ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနေ့ မနက် ၉ နာရီလောက်မှာ မြို့ဒင်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ် ။

အဲဒီကနေတဆင့် မြို့ဒင်ရွာနဲ့ ၁ မိုင်ကျာ်လောက်ဝေးတဲ့ ‌ပြည်သာအေးကျေးရွာထဲကို မွန်းလွဲ ၂ နာရီ‌ကျော် လောက်မှာဝင်ရောက်သွားပြီး ကျေးရွာထဲက နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

မွန်းလွဲ ၃ နာရီကျော်လောက်မှာတော့ ပြည်သာအေးကျေးရွာထဲက ပြန်လည်ထွက်ခွာလာပြီး အဲဒီရွာရဲ့ အနောက်မြောက်ဘက်အရောက်မှာတော့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ၈၁ မမ လက်နက်ကြီးကျည် ၁ လုံး၊ ၇၃ မမ RPG ဒုံးသီး ၃ လုံး၊ ၇၅ မမ RPG ဒုံးသီး ၁ လုံး ၊ 7.62 မမကျည် ၁၉ တောင့်၊ 5.56 ကျည် ၆၃ တောင့်၊ ဆီ ၁ ပုံးနဲ့ Redmi အမျိုးအစား ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။             

"သူတို့ မြို့ဒင်ရွာထဲကို မရောက်ခင် မိုးကြိုးစစ်ကြောင်းအဖွဲ့က မိုင်းဆွဲတယ်လို့ပြောတယ်။ ကျနော်တို့လည်း မိုင်းသံတော့ ကြားလိုက်တယ်။ သူတို့နေအိမ်တွေကို မီးရှို့နေချိန် ကျနော်တို့လက်နက်ကြီးနဲ့ပစ်တော့ ရွာထဲကနေ ပြန်ထွက်လာတယ်။ အဲမှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာပဲ" လို့ မိုးကြိုးပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ် ။

နှစ်ဘက်ထိတွေ့မှု အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးတာတွေရှိပေမဲ့လည်း အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားတွေ ဆက်လက်ထွက်ခွာလာချိန် အဲဒီနေရာ နဲ့ ၁ မိုင်‌အကျော် လောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုကို တိုက်နယ်(၃)ပကဖတွေဖြစ်တဲ့  မိုးကြိုးပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတ္တရာမြို့နယ်ပကဖ၊ မဟာတပ်ဖွဲ့နဲ့ ကျားသစ်နက်စစ်ကြောင်းတို့  ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ် ။

ပုံစာ - ဇွန် ၁၈ ရက်က ပြည်သာအေးရွာကို စစ်တပ်က မီးရှို့ပြီးနောက်တွေ့ရပုံနှင့် သိမ်းဆည်းရရှိ ခဲယမ်းပစ္စည်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ပြင်ဦးလွင် #မတ္တရာ #နေအိမ် #မီးရှို့ #မိုးကြိုးပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10