မတ္တရာနဲ့ သပိတ်ကျင်းမှာ နှစ်ဘက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

မတ္တရာနဲ့ သပိတ်ကျင်းမှာ နှစ်ဘက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား ဇန်နဝါရီ ၂၁ ရက်ကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇန်နဝါရီ ၂၂ ဒီကနေမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရုံသာမက မြေပြင် စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာတာကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်းနဲ့ မြို့ကုန်းကျေးရွာ တဝိုက်မှာ ထိတွေ့မှုတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။ 

အလားတူ သပိတ်ကျင်းမြို့နယ် (၇) မိုင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအနီးမှာလည်း ထိတွေ့မှုဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ ဇန်နဝါရီ ၂၁ ရက်နဲ့  ၂၂ ရက်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ထိခိုက်သေဆုံးသူအများအပြားရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဆက်လက်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၃ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး) ပူးပေါင်းတပ်ဖွဲ့ဟာ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက် စခန်းအားဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရရှိခဲ့သလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ တပ်မဟာအသစ်တခု ဖွဲ့စည်းဖို့လုပ်ဆောင်နေပြီး စစ်ရေးအရှိန်အဟုန်လည်း တိုးမြှင့်သွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့ ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့ #သပိတ်ကျင်းမြို့ #PDF #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10