မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာကို စစ်တပ်က တလတည်း ၂ ကြိမ်မီးရှို့

မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာကို စစ်တပ်က တလတည်း ၂ ကြိမ်မီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မတ်လ ၂၂ ရက်ဒီမနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၄၀ ဝန်းကျင်ပါတဲ့စစ်သားတွေက သေနတ်တွေပစ်ဖောက်ကာ ရွာကိုဝင်ရောက်လာပြီး မနက် ၉ နာရီလောက်က စတင်ကာ နေအိမ်တွေကို မီးရှီု့ဖျက်ဆီးခဲ့တာလို့ Wetlet Informational Network မှ ဗိုလ်မြေသြဇာက ပြောပါတယ်။


“ပိုဝမြောက်ရွာက ဒီလထဲမှာပဲ မီးရှို့ခံရတာ ၂ ကြိမ်ရှိပြီ။ လေတွေကလည်း တိုက်နေတော့ မီးငြိမ်းဖို့က တော်တော်ခက်တယ်။ ဖမ်းဆီးခံရတဲ့ ရွာသားတွေတော့ မရှိဘူး။ ရွာသားတွေကတော့ ရွာထဲမရောက်သေးပါဘူး” လို့ ဆိုပါတယ်။

ပိုဝမြောက်ရွာမှာ အိမ်ခြေ ၃၇၀ နီးပါးရှိပြီး၊ ဒီနေ့မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်အနောက်ဘက်၊ ရွာတော်ကျေးရွာကနေ ဆင်းလာတဲ့ စစ်ကြောင်းဖြစ်ပြီး၊ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်ကလည်း ပိုးဝမြောက်ရွာက စာသင်ကျောင်း ၂ ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10