မတ္တရာမြို့ပေါ်ကို ပြောင်းရွှေ့လာတဲ့တပ်ရင်းမှူး မိုင်းဆွဲခံရလို့ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးစီးနင်းလာတဲ့ကား ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရသူများရှိတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန် ၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မတ္တရာမြို့ပေါ်ကို တက်လာတဲ့ အဲဒီကားကို မတ္တရာမြို့နယ် ခြေတော်ရာကျေးရွာနားအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်လုပ်မိုင်း ၂ လုံး နဲ့ မိုင်းဆွဲခဲ့သလို၊ လက်နက်ငယ်တွေနဲ့လည်းပစ်ခတ်ခဲ့လို့ ကားပျက်စီးခဲ့ပြီး ကားပေါ်လိုက်ပါလာတဲ့ တပ်ရင်းမှူးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းတာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သားတွေစီးလာတဲ့ ကားတစီးဟာ အရှေ့ပိုင်းနဲ့ ကားအတွင်းပိုင်းကို ထိမှန်သွားတာကြောင့် ကားပေါ်လိုက်ပါလာတဲ့ အရာရှိအပါအဝင်စစ်ကောင်စီတပ်သား ၅ ဦးဟာ သူတို့ကို လုံခြုံရေးယူလာပေးတဲ့ ကားတွေဆီ ပြန်လည်ထွက်ခွာသွားတယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေ ကျန်ခဲ့တဲ့ ကား ၁ စီး၊ ၅.၅၆ ကျည်၊ ကျည်ဘောက် ၁ ခု၊ လက်ထိပ် ၁ စုံ၊ ဓား ၁ လက် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မတ္တရာမြို့နယ်တိုက်နယ် ၃ ပကဖ (မိုးကြိုးစစ်ကြောင်း)နဲ့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ မေ ၂၄ ရက်ကလည်း ကြိုးကြာကန်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မတ္တရာမြို့နယ် တိုက်နယ် ၃ ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မတ္တရာ #လေကြောင်းရန်ကာကွယ်ရေး #တပ်ရင်းမှူး #စစ်ကား #မိုင်းဆွဲတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10