မတ္တရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးကြဲ

မတ္တရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးကြဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၁ ရက် မနေ့ နေ့လယ်က ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ Unicorn အဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။

မတ္တရာမြို့နယ်၊ ဟင်္သာကျေးရွာအနီးကို အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာချိန် နေ့လယ် ၁ နာရီလောက်မှာ ဗုံးသီး ၆ လုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မတ္တရာမြို့ပေါ်ကနေ စကျင်ရွာကို ကားနဲ့လာပြီး တခါခြေလျင်ဆက်လာတာကို ကျနော်တို့က ဟင်္သာရွာရောက်ခါနီးမှာ ဗုံးကြဲခဲ့တာ။ မျက်မြင်အရ စစ်သား ၄ ဦးနေရာတင် လဲကျသွားတယ်။ ရွာသားတွေ ပြောတာကတော့ ပျူ ၂ ဦးလည်း သေတယ်လို့ ပြောတယ်" လို့ Uniron အဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ဆင်မှုကို Unicorn Guerrilla Force၊ ကောင်းကင်တော်လှန်ရေးအင်အားစု၊ ADRF (madaya)၊ Sky Hero (madaya)၊ဒေါင်းစစ်သည် (madaya)၊ နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့နဲ့ ဧရာဝတီပျံလွှားအဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ၊မရှိကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

သူတို့အဖွဲ့ဟာ ဇန်နဝါရီလ ၃၀ ရက် နေ့လယ်ကလည်း မတ္တရာမြို့နယ်၊ ရှင်လှတောင်ဘုန်းကြီးကျောင်းကို တပ်ဝင်စွဲတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10