မတ္တရာမှာ ဒေသခံတဦးကို စစ်ကားတစီးက ဝင်တိုက်လို့ ဒဏ်ရာပြင်းထန်

မတ္တရာမှာ ဒေသခံတဦးကို စစ်ကားတစီးက ဝင်တိုက်လို့ ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံ့သာရွာသား ၁ ဦးကို စစ်ကား ၁ စီးက ဝင်တိုက်ခဲ့တာကြောင့် အဲ့ဒီအမျိုးသားမှာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သြဂုတ် ၄ ရက်ဒီနေ့လယ် ၁၂ နာရီလောက်မှာ မတ္တရာမြို့ကထွက်လာတဲ့ စစ်ကားတစီးက ရေနံသာရွာထဲကိုမောင်းဝင်လာချိန် လယ်တောကပြန်လာတဲ့ အသက် ၄၀ အရွယ် ကိုအောင်စိုးကို တိုက်သွားခဲ့တာလို့ ဆိုပါတယ်။ 

“ကိုအောင်စိုးကို ကားနဲ့တိုက်သွားတာတောင် အောက်ကိုဆင်းမကြည့်ဘဲ ကားအရှိန်နဲ့ဆက်မောင်းသွားတယ်။ ရွာသားတွေပဲ ဆေးရုံပို့ပေးလိုက်ရတယ်။ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်။ သူတို့ (စစ်ကောင်စီ)ကတော့ ရွာမြောက်ဘက်ကို ဆက်မောင်းသွားတယ်”လို့ မတ္တရာဒေသခံတဦးက ပြောပါတယ်။

ရေနံ့သာရွာလယ်ရှိ ရဲစခန်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေပြီး ရွာထဲက ရွာသားတွေကိုပါ မကြာခဏ ဖမ်းဆီးစစ်ဆေးတာမျိုးတွေ၊ နှိပ်စက်တာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီခဲ့တဲ့ ဇူလိုင် ၁၄ ရက်မှာလည်း မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာမှာ လက်သမားလုပ်နေတဲ့ ကျေးရွာ ၂ ရွာက အမျိုးသား ၄  ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲပစ်ချခဲ့သေးတယ်လို့ သိရပါတယ်။ 

ပုံစာ  - ရေနံ့သာရွာသားကို တိုက်သွားသည့် စစ်ကောင်စီကား။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #ရေနံ့သာ #စစ်ကောင်စီကား #ဒေသခံ #ဝင်တိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10