မတ္တရာမှာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စု ဗုံးကြဲခံရ

မတ္တရာမှာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စု ဗုံးကြဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ဘုန်းကြီးကျောင်းထဲမှာ တပ်ဝင်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဇန်နဝါရီလ ၃၀ ရက်နေ့လယ်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့တယ်လို့ ယူနီကွန်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်၊ ရှင်လှတောင်ရွာက ဘုန်းကြီးကျောင်းမှာ အင်အား ၃၅ ဦးလောက်နဲ့ တပ်စွဲနေတာကို နေ့လယ် ၁၂ နာရီလောက်ကစပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်က မနက် ၁၀ နာရီလောက်မှာ ရွာထဲကို ပစ်ခတ်ဝင်တာမှာ ကောင်မလေး၂ ယောက်ကို ကျည်ထိသွားတယ်။ ပြီးတော့ ဘုန်းကြီးမရှိတဲ့ ကျောင်းထဲကို တပ်ဝင်စွဲနေတာ။ ကျနော်တို့က နေ့လယ် ၁၂ လောက်ကစပြီး ကျောင်းဝန်းထဲကို ဒရုန်းနဲ့ ဗုံးကြဲတာ" လို့ ယူနီကွန်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

ဒရုန်း ၅ စီးနဲ့ ည ၁၂ နာရီလောက်အထိ ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တဦးထိခိုက်ဒဏ်ရာ ရရှိတယ်လို့သိရပေမယ့် အတည်မပြုနိုင်သေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

အဲဒီစစ်စင်ရေးကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကောင်းကင်၏ တော်လှန်ရေးအင်အားစု၊ ADRF (madaya)၊ SKY HERO (madaya)၊ ဒေါင်းစစ်သည် (မတ္တရာ)၊ Peacock Warrior Forceနဲ့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

သူတို့အဖွဲ့တွေဟာ ဇန်နဝါရီလ ၂၃ ရက်ကလည်း မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာမှာ ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေတဲ့အဖွဲ့နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်သားတွေကို ဒရုန်းလေးစီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10