မတ္တရာမှာ မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ခြုံခိုတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

မတ္တရာမှာ မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ခြုံခိုတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဇွန်လ ၂၀ ရက်က စနိုက်ပါနဲ့ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးတယ်လို့ မြနန္ဒာစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်၊ ကြပ်ပြင်ရွာဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့နှစ်ကတည်းကတပ်စွဲနေတဲ့စစ်သား ၄၀ ဦးလောက်ကို နေ့လယ် ၁၁ နာရီလောက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"ပထမတယောက်က ကင်းသမားကို ၂ ချက်ပစ်ရတယ်။ ပထမအချက်က မမှန်ဘူး။ ဒုတိယအချက်မှာမှန်တာ။ နောက်တယောက်က ဘုန်းကြီးကျောင်းဝန်းထဲကထွက်လာတဲ့ စစ်ခွေး ၅ ကောင်ထဲက တယောက်ကိုမှန်တာ။ စုစုပေါင်း ၃ ချက်ပစ်ခဲ့ရတယ်။  ၂ ကောင်ထိတာ Sniper က Scopeကနေ မြင်နေရတယ်" လို့ မြနန္ဒာစစ်ဆင်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးဆိုပါတယ်။

စနိုက်ပါတလက်နဲ့ အသုံးပြုတိုက်ခိုက်တာဖြစ်ပြီး အကာအကွယ်ပေးတဲ့ရဲဘော်တဦးနဲ့ ပြောက်ကျားစနစ်သုံး တိုက်ခိုက်မှုဖြစ်တဲ့အတွက် တိုက်ခိုက်မှုအပြီး အမြန်ပြန်ဆုတ်လာတာမို့  နောက်ဆက်တွဲဖြစ်စဥ်တွေ မသိရှိရဘူးလို့ သူကဆက်ပြောပါတယ်။

မြနန္ဒာစစ်ဆင်ရေးဟာ မန္တလေးမြို့အပါအဝင် အဖွဲ့တွေစုပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ဖို့ လျာထားတာတွေ အများကြီးရှိပေမယ့် ငွေကြေးခက်ခဲ့တဲ့အတွက် လုပ်ငန်းနှေးကွေးပြီး ခရီးမရောက်ဖြစ်နေတာမို့ ပြည်သူတွေ ထောက်ပံ့မှုရရင်ရသလောက် ရလဒ်ကောင်းတွေချပြပေးနိုင်တာမို့ ပြည်သူတွေအနေနဲ့ ပါဝင်ထောက်ပံ့ပေးဖို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၃၀ ရက် မနက် ၉ နာရီလောက်ကလည်း မန္တလေးမြို့နယ်၊ မြောင်ဦးရွာကနေ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်ဝဲကြီးရွာအရောက်မှာ စနိုက်ပါနဲ့ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦးသေဆုံးခဲ့ရပါသေးတယ်။

 

ပုံစာ - မြနန္ဒာစစ်ဆင်ရေးအဖွဲ့ကခြုံခိုတိုက်ခိုက်နေစဥ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

 

#မန္တလေးတိုင်း #မတ္တရာ #မြနန္ဒာစစ်ဆင်ရေး #စနိုက်ပါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10