သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မတ္တရာမြို့နယ်မှာ လူဦးရေစာရင်းလိုက်ကောက်နေတဲ့အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၂၃ ရက်က ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။
မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာမှာ မနေ့ကမနက် ၁၁ နာရီလောက်က လူဦးရေစာရင်းလိုက်ကောက်နေချိန်မှာ ဒရုန်း ၄ စီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ပြည်သူတွေသတင်းပေးလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်နဲ့ကျန်တာ လဝကဖြစ်မယ် ဘယ်အဖွဲ့တွေလည်းတော့ မသိရဘူး သူတို့လာတိုင်းအဲဒီဘုန်းကြီးကျောင်းကိုလာတယ် ဘုန်းကြီးကကျောင်းမှာမနေတော့ဘူး"လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒရုန်း၄စီးနဲ့ ဗုံး ၇ လုံးကြဲခဲ့ရာမှာ ၅ လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို မသိရပေမယ့် မဟာမိတ်တပ်ဖွဲ့တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အဲဒီစစ်ဆင်မှုမှာ ဗိုလ်ကောင်းကင်၏ တော်လှန်ရေးအင်အားစု၊ ADRF (Madaya)၊ SKY HERO (Madaya)၊ A B R F - Madaya၊ ဒေါင်းစစ်သည် (Madaya)၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊Unicorn Guerrilla Force တို့ပူးပေါင်းခဲ့ကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်ကလည်း Unicorn ပြောက်ကျားတပ်ဖွဲ့ဟာ မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာမှာ တပ်ဆွဲထားတဲ့စစ်တပ်က စစ်ရှောင်နေတဲ့ဇီးကျွန်းကျေးရွာကပြည်သူ့နေအိမ်ကပစ္စည်းတွေကို ဝင်ရောက်ယူငင်နေတာကြောင့်ဒရုန်းနဲ့ဗုံးသီးချကာတိုက်ခိုက်ခဲ့ပါသေးတယ်။
#မြေလတ်အသံ
Share Share Share