မန္တလေးက စီးပွားရေးဘဏ် ဗုံးခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

မန္တလေးက စီးပွားရေးဘဏ် ဗုံးခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ၃ ရှေ့ရှိ လုံခြုံရေးစောင့် စစ်ကောင်စီဘန်ကာကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ No More Distatorship People Defence Defence Force – NMD ဆီက သိရပါတယ်။ 

အောင်မြေသာစံမြို့နယ်၊ ၂၆ ဘီလမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းရှိ မြန်မာ့စီးပွားရေးဘဏ် ၃ ကို ဒီဇင်ဘာလ ၂၅ ရက်မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်အား ၇ ဦးရှိတဲ့အနက် ၂ ဦးသေဆုံးခဲ့တာလို့ NMD ရဲ့ တာဝန်ရှိသူကပြောပါတယ်။

"ဆိုင်ကယ်ပေါ်ကနေ မောင်းရင်းပစ်တာ။ စစ်သားတယောက်နဲ့ ရဲတယောက်သေတယ်။ လဲသွားတဲ့ကောင်ကို တရွတ်တိုက်ဆွဲခေါ်သွားတယ်။ လက်ပစ်ဗုံးနဲ့ပစ်တဲ့ချိန်တုန်းကတော့ သူတို့ဘက်က သေနတ် ၆ ချက် ၇ ချက်ပြန်ပစ်တယ်။ နာရေးကားရော လူနာတင်ယာဥ်ရော သွားတယ်" လို့ NMD ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို No More Dictatorship People Defence Force - NMD နဲ့ VOMDY–Front Warriors တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

NMD အဖွဲ့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၁ ရက်နေ့လယ်ကလည်း မန္တလေးမြို့၊ အမှတ် ၁၀ ချမ်းမြသာစံမြို့နယ်ရဲစခန်းလိုင်းခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10