မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ တပ်ခွဲအမည်သုံးပြီး လိမ်လည်ငွေတောင်းခံမှုရှိနေ

မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ တပ်ခွဲအမည်သုံးပြီး လိမ်လည်ငွေတောင်းခံမှုရှိနေ

မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ တပ်ခွဲအမည်သုံးကာ လိမ်လည် ခြိမ်းခြောက်ငွေတောင်းခံမှုတွေရှိတယ်လို့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက ဇူလိုင် ၁၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အမရပူရမြို့နယ်၊ မြစ်ငယ်မြို့နယ်၊ စဥ့်ကိုင်မြို့နယ်နဲ့ ပုလိပ်မြို့က ပြည်သူလူထုနဲ့ Non CDM ဝန်ထမ်းတွေကို လိမ်လည်ခြိမ်းခြောက်သူတွေက တယ်လီဖုန်းနဲ့ ဆက်သွယ်တောင်းခံတာရှိသလို စာပို့ခြိမ်းခြောက် တောင်းခံတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

"ကျနော်တို့တပ်ရင်း၊ တပ်ခွဲအမည်တွေကို အသုံးပြုပြီး Non CDM တွေကို သတိပေးစာပို့ခြိမ်းခြောက်တယ်။ စျေးဆိုင်ခန်းတွေကို စာပို့ပြီး အလှူငွေတောင်းခံတယ်။ မထည့်ဘူးဆိုရင် ဆိုင်ကိုဖောက်ခွဲမယ်၊ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်နေတာပါ" လို့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြာရေးတာဝန်ခံက ပြောပါ တယ်။

မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းကို ခြိမ်းခြောက်ငွေတောင်းခံရသူ ၇ ဦးက ပြန်လည်သတင်းပို့ကာ  စျေးဆိုင် ၃ ဆိုင်က ငွေလွှဲပေးတာမျိုးရှိသလို စျေးဆိုင်တချို့ကလည်း ကြောက်လန့်ကာ ယာယီဆိုင်ပိတ်သူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စျေးဆိုင် ၃ ဆိုင်က ကြောက်လန့်ကာ ငွေလွှဲပေးတာနဲ့ပတ်သက်ပြီး ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာတော့ မသိရဘူးလို့ဆိုပါတယ်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တွေက တော်လှန်ရေးအင်အားစုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အခုလို ငွေတောင်းခံတာမျိုး မရှိဘူးလို့ဆိုပါတယ်။

ဇူလိုင် ၈ ရက်က မြစ်ငယ်မြို့က ပြည်သူတဦးထံ ခြိမ်းခြောက်ငွေတောင်းစာတွင် အလှူငွေထည့်ဝင်ရန် ပျက်ကွက်တာ၊ မသက်ဆိုင်သူတွေကို ခြိမ်းခြောက်စာကိုပြသတာ၊ စစ်ကောင်စီထံတိုင်ကြားခြင်းမပြုရန်နဲ့ ချိုးဖောက်ပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်ပစ်ဗုံးနဲ့ပစ်ခတ်တာ၊ သေနတ်နဲ့ပစ်ခတ်တာတွေ မလွှဲမရှောင်သာ ပြုလုပ်ရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းဟာ ပြည်သူတွေနဲ့ Non CDMတွေ အပေါ်ခြိမ်းခြောက်ငွေတောင်းတာမျိုး မရှိသလို လက်ရှိမှာလည်း ပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့သာ ရပ်တည်နေတာဖြစ်တယ်လို့ သတင်းပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။

ပုံစာ - မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ တပ်ခွဲအမည်ဖြင့် ငွေကြေးလိမ်လည်တောင်းခံသည့် စာရွက်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေး #မန္တလေးခရိုင်အမှတ်၅တပ်ရင်း #စဥ့်ကိုင်မြို့ #ပလိပ်မြို့ #အမရပူရမြို့ #မြစ်ငယ်မြို့ #လိမ်လည် #ငွေတောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10