မန္တလေးတိုင်းက ဒေသခံတော်လှန်ရေးအဖွဲ့တွေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ပြုလုပ်

မန္တလေးတိုင်းက ဒေသခံတော်လှန်ရေးအဖွဲ့တွေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံနဲ့ သပိတ်ကျင်းမြို့နယ်ရှိ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ဇွန် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် တပ်ဖွဲ့အခြေစိုက်ရာ ဒေသတွေမှာ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့တွေဆီက သိရပါတယ်။

မြင်းခြံမြို့နယ်၊ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က "ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ၊ ဇွန် ၁၉ မပါပဲ ပြက္ခဒိန် လုပ်ချင်လို့မရ၊ တက်စုံဖွင့် ရွက်ကုန်လွှင့်၊ အရေးတော်ပုံ မုချအောင်ရမည်၊ ကြောက်ခေတ်ကိုမှောက်ပစ်" စာတန်းပါ ပိုစတာတွေနဲ့ သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ 

အလားတူ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကလည်း  "ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ" စာတန်းငယ်တွေကိုင်ကာ သပိတ်ပြုလုပ်ကြပြီး  မွေးနေ့အထိမ်းအမှတ်အနေနဲ့ နှင်းဆီပန်းတွေကို ဧရာဝတီမြစ်အတွင်း မျှောချပေးခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - မြင်းခြံနဲ့ သပိတ်ကျင်းမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှု ပုံရိပ်များ။

#မြေလတ်အသံ

#မန္တလေး #တော်လှန်ရေးအဖွဲ့အစည်း #သပိတ် #မွေးနေ့ #ဒေါ်အောင်ဆန်းစုကြည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10