မန္တလေးဘက်ကိုစစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရလို့ စစ်သား ၃ ဦးသေပြီး ဒဏ်ရာရသူများပြား (ရုပ်/သံ)

မိတ္ထီလာမြို့ကနေ မန္တလေးဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်းကို နွားထိုးကြီးနယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၂၁ ရက် နေ့လယ် ၁ နာရီကျော်လောက်မှာ မိုင်းဆွဲလိုက်တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Natogyi People Defence Force  မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းဆီက သိရပါတယ်။

အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကူထွက်လာတဲ့ စစ်ကား ၂ စီးဟာ ရန်ကုန် − မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂၅၊ နွားထိုးကြီးနယ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ၅ လုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဒုတိယအစီးကို ထိမှန်ပြီး ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၃ဦးပွဲချင်းပြီး သေဆုံးသွားသလို၂ဦး ဒဏ်ရာပြင်းထန်ကာ ထိခိုက်သူတွေလည်း များတယ်လို့ ဆိုပါတယ်။

“ပထမကားကို ကျနော်တို့ လွှတ်ပေးလိုက်တယ်။ ဒုတိယကားကို မိုင်းဆွဲလိုက်တာ လမ်းသွားလမ်းလာပြည်သူတွေရဲ့ သတင်းပေးချက်အရတော့ ၃ ယောက်သေတယ်။ ကျန်တာတွေကတော့ ဒဏ်ရာရတာတွေပေါ့၊ ကျနော်တို့ကို ကောင်တာပြန်ပစ်တာမျိုးတော့မရှိဘူး မိုင်းဆွဲခံရတဲ့ကားက ဆက်မောင်းသွားသေးတယ် နောက်မှကားကထိုးရပ်သွားတယ်” လို့ မြင်းခြံခရိုင်တပ်ရင်း (၄) မှ တပ်ရေးအရာရှိတဦးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် ဒဏ်ရာရတဲ့သူတွေ နဲ့ သေဆုံးသူတွေကို နာရေးကားက လာရောက်ခေါ်ယူသွားပြီး မိုင်းဆွဲခံရတဲ့ကားကိုတော့ နောက်ထပ်ကားတစီးက မန္တလေးဘက်ကို ဆွဲသွားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း တောင်သာမြို့နယ် ဇရက်ကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၇ ဦးထိမှန်သေဆုံးသွားပါသေးတယ်။

တည်းဖြတ် −ငြိမ်းဇော်

#မြေလတ်အသံ

#နွားထိုးကြီး #စစ်အုပ်စု #စစ်ကူ #ရန်ကုန်−မန္တလေး #အမြန်လမ်း #မိုင်တိုင် ၃၂၅ #မိုင်းဆွဲခံရ #ထိခိုက် #စစ်ကောင်စီတပ်သား #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10