မဟာမိတ်တွေကို မိုင်းနဲ့လက်နက်ကြီး ထောက်ပံ့ကူညီပေးနေတဲ့ Red Phoenix Force(ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်အခြေစိုက် Red Phoenix Force အဖွဲ့ဟာ မိုင်းနဲ့လက်နက်ကြီးတွေကိုထုတ်လုပ်နေသလို တခြားတပ်ဖွဲ့တွေကိုလည်းထောက်ပံ့ကူညီပေးနေတယ်လို့ သိရပါတယ်။

Red Phoenix Force တပ်ဖွဲ့ကို တည်ထောင်ခဲ့တာ ၃နှစ်ကျော်ကာလရှိခဲ့ပြီး ဒေသအခေါ် စစ်ကြောင်းမိုင်း(ပဒေသာမိုင်း)၊ လက်လုပ်သေနတ်၊ ၆၀မမ၊ ၁၂၀မမတို့ကိုထုတ်လုပ်ခဲ့ပြီးလက်ရှိမှာတော့ မိုင်းကိုအဓိကထား ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

Red Phoenix Forceအနေနဲ့ တိုက်ပွဲတွေမှာ မလိုက်နိုင်တဲ့အခါမှာ မဟာမိတ်တပ်ဖွဲ့တွေကို မိုင်းနဲ့လက်နက်ကြီးထောက်ပံ့ကူညီပေးတာမျိုးရှိတယ်လို့ ထုတ်လုပ်ရေးတာဝန်ခံ ရဲဘော်သခင်ညိုကပြောပါတယ်။

ထုတ်လုပ်ရေးမှာလိုအပ်တဲ့ပစ္စည်းတွေကိုတော့ ယင်းမာပင်ခရိုင် တပ်ရင်း၂က ထောက်ပံ့ပေးပေမယ့် ကုန်ကြမ်းပစ္စည်းဝယ်လို့မရနိုင်တဲ့ အခက်အခဲတွေရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

Red Phonix Forceတပ်ဖွဲ့ဟာလက်ရှိမှာ စစ်ကောင်စီရဲ့ ဘန်ကာတွေကို ဖောက်ခွဲဖျက်ဆီးနိုင်တဲ့ပေါက်ကွဲအားပြင်းတဲ့ မိုင်းအမျိုးအစားကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10