မိတ္ထီလာက ရဲအရာရှိ ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ YSO ကတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ

မိတ္ထီလာက ရဲအရာရှိ ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ YSO ကတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် Southern YSO PDF တပ်ဖွဲ့ထံကို  ရဲအရာရှိတဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဒီဇင်ဘာ ၂၇ ရက်က ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ရေစကြိုတောင်ပိုင်း တပ်ဖွဲ့ဆီက သိရပါတယ်။

CDM ပြုလုပ်လာသူမှာ မိတ္ထီလာမြို့နယ်အတွင်းရဲစခန်းတခုမှ ဒုရဲအုပ် ဆန်းလင်း ဖြစ်ပြီး ၎င်းနဲ့အတူ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ခြောက်လုံးပြူး ၉ မမ ကျည်ဆံ ၃၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ၇.၆၂ မမ G 3 ကျည်ဆံ ၁၂၀ တောင့်၊  လက်ထိပ် ၁ ခုတို့နဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

" လွန်ခဲ့တဲ့ ၃ လက ခိုလှုံဖို့ သူကဆက်သွယ်ထားတယ်။ ခရီးဝေးလို့ အဆင့်ဆင့်လာခဲ့ရတယ်။ ဆုကြေး ချီးမြှင့်ပြီးတော့ လုံခြုံတဲ့နေရာမှာ ပို့ထားပါတယ် " လို့ Southern YSO PDF တာဝန်ခံ အောင်မောင်းက ပြောပါတယ်။

လက်နက်၊ ခဲယမ်းနဲ့အတူ CDM ပြုလုပ်လာတဲ့ ရဲအရာရှိကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ပြီး သူနေထိုင်လိုတဲ့နေရာကို ဘေးကင်းလုံခြုံစွာနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေတာ ပြည်သူ့အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီး လုယက်နေတာနဲ့ အာဏာရှင်အတွက် ဆက်လက်အလုပ်လုပ်ဖို့ မနှစ်သက်လို့ ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလှုံလာတာဖြစ်ကြောင်း အဲ့ဒီအရာရှိက ပြောဆိုထားတယ်လို့ PDF တာဝန်ခံထံကသိရပါတယ်။

ဆုကြေးငွေချီးမြှင့်ပေးရာမှာလည်း တပ်ဖွဲ့ရံပုံငွေနည်းပါးနေလို့ ငွေချေးငှားပေးဆောင်ခဲ့ရပြီး ပြည်သူများအနေဖြင့် တတ်နိုင်တဲ့သမျှ ပါဝင်ကူညီပေးဖို့  Southern YSO PDF တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး YSO အဖွဲ့ထံ  G 3 ၁ လက်နဲ့ အလင်းဝင်လာခဲ့ရာ ကျပ်သိန်း ၈၀ ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေတိုင်း #ပခုက္ကူ #ရေစကြို #ရဲအရာရှိတဦး #လက်နက်ခဲယမ်းအစုံ #အလင်းဝင် #ဆုကြေးထောက်ပံ့ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10