မိသားစုဝင်တွေကို ဖခင်က ဓားနဲ့ခုတ်သတ်လို့ ၉ နှစ်အရွယ် သားဖြစ်သူသေဆုံး

မိသားစုဝင်တွေကို ဖခင်က ဓားနဲ့ခုတ်သတ်လို့ ၉ နှစ်အရွယ် သားဖြစ်သူသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်မှာ ဖခင်က သားအရင်းနဲ့  မိန်းမအပြင် ယောက္ခမကိုပါ ဓါးနဲ့ ခုတ်လို့  အသက် ၉ နှစ်အရွယ်သားဖြစ်သူသေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့နယ်၊ တာပွန်မြို့၊ နယ်မြေရဲစခန်း အနောက်ဘက် ၇ မိုင်ခန့်အကွာ လှေကြပ်ကုန်းရွာမှာ မတ် ၁၀ ရက် ည ၉ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ဓားနဲ့ခုတ်သူဖခင်မှာ အသက် ၅၁ အရွယ် ကိုအောင်နိုင်ဖြစ်ပြီး ဓားနဲ့အခုတ်ခံရသူ အသက် ၉ နှစ်အရွယ် သားဖြစ်သူ မောင်ဘုန်းပြည့်ဇော် ဝဲဘက်နားထင်ကနေ ပါးပြင်ထိ ဓါးဒဏ်ရာရလို့ တာပွန်ဆေးရုံအရောက်မှာ သေဆုံးတယ်လို့ ပြောပါတယ်။

ယောက္ခမဖြစ်သူ ဒေါ်ကြည်လေးမှာလည်း လက်ဝဲဘက်ခြမ်း ဦးခေါင်း၊ လက်‌မောင်းနဲ့ လက်ဖျံတို့မှာ ဓားဒဏ်ရာရပြီး ဇနီးဖြစ်သူ မဝင်းခိုင်ရဲ့ ဦးခေါင်းနောက်စေ့မှ ယာဘက်နဖူးထိ ပြင်းထန်တဲ့ ဓါးဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။ 

“အောင်နိုင်က အရက်မူးပြီး  ယောက္မနဲ့ စကားများနေလို့ သူ့မိန်းမက ဝင်တားတာကို မကျေနပ်ဖြစ်ပြီး သူ့အိမ်က ထင်းခုတ်ဓားမနဲ့ ခုတ်ပြီး ထွက်ပြေးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

မတ် ၁၂ ရက် မနေ့ကအထိ ဒေါ်ကြည်လေးနဲ့ သမီးဖြစ်သူ မဝင်းခိုင်တို့ ပြည်ဆေးရုံမှာပဲ ကုသနေရပြီး နောက်ဆက်တွဲဖြစ်စဉ်တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။  

တာပွန်နယ်မြေရဲက မတ် ၁၃ ရက် ဒီနေ့အထိ ကိုအောင်နိုင်ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ညကလည်း နတ်တလင်းမြို့နယ်အနောက်ဘက်၊ ရွှေကြာပင်အုပ်စု၊ အောင်ပင်သာရွာမှာ ပြည်သူ့စစ်(ပျူစောထီး) စုဆောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သားအဖချင်း စကားများရာက ဖခင်က သားကို ဓါးနဲ့ထိုးလို့  သားဖြစ်သူ သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ မောင်ဘုန်းပြည့်ဇော်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်းမြို့ #ဖခင် #သား #မိန်းမ #ယောက္ခမ #ဓားခုတ် #လူသတ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10