မိုခါမုန်တိုင်းကြောင့် အရှိုချင်းနောက်တန်းဌာနချုပ်စခန်း ပျက်စီးဆုံးရှုံး

မိုခါမုန်တိုင်းကြောင့် အရှိုချင်းနောက်တန်းဌာနချုပ်စခန်း ပျက်စီးဆုံးရှုံး

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ မိုးသည်းထန်စွာရွာခဲ့ပြီး လေပြင်းတိုက်ခတ်တဲ့ဒဏ်တွေကြောင့် အရှိုချင်းနောက်တန်း ဌာနချုပ်စခန်းမှာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Chin Defence Force - Asho တပ်ဖွဲ့ထံက သိရပါတယ်။

မေလ ၁၄ ရက် မနေ့ကနေ့လယ် ၂ နာရီလောက်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် ရဲဘော်တွေနေထိုင်ရာ တန်းလျားတွေပျက်စီးခဲ့ပြီး လူထိခိုက်တာတွေတော့ မရှိခဲ့ဘူးလို့ CDF -Asho ဒုတပ်ရင်းမှူး ဆလိုင်း RanCho က မြေလတ်အသံကို ပြောပါတယ်။


"လေရောမိုးရော ကျတာ။ သစ်ပင်တွေလဲကျတာနဲ့ လေပြင်းတိုက်တာနဲ့ဆိုတော့ မီးကြိုးတွေ သုံးမရတော့တာ။ နေတဲ့တန်းလျားတွေ ပျက်စီးတာရှိပါတယ်။ ကြိုတင်ရွှေ့ပြောင်းထားလို့ အရေးကြီးတာတွေ မဆုံးရှုံးပါဘူး။ အမိုးအတွက်ပဲ ခက်ခဲတာပါ" လို့ ပြောပါတယ်။

စခန်းတွင်းရှိ ရုံးနေရာ၊ တပ်စိပ်အဆောင်၊ စစ်မေအဆောင် စုစုပေါင်း ၇ လုံးက အမိုးအကာနဲ့ ရိက္ခာတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆက်ပြောပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းအခြေအနေ ငြိမ်သွားတာကြောင့် သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းတာနဲ့ ပျက်စီးတဲ့အဆောက်အဦးတွေကို ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးတာတွေများပေမယ့် စိတ်ဓာတ်မကျဘဲ ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ လုပ်ဆောင်သွားမှာဖြစ်သလို၊ ပြည်သူတွေရဲ့ ထိခိုက်ဆုံးရှုံးမှုတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဒုတပ်ရင်းမှူး ဆလိုင်း RanCho က ဆိုပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ
#အရှိုချင်း#စခန်းပျက်ဆီး#မိုခါမုန်တိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10