မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရခဲ့တဲ့ရဲဘော် အရေးပေါ်ဆေးကုသစရိတ်လိုအပ်

မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရခဲ့တဲ့ရဲဘော် အရေးပေါ်ဆေးကုသစရိတ်လိုအပ်

စစ်ကောင်စီနဲ့တိုက်ပွဲအတွင်း မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရခဲ့တဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် Myaing Underground Force - MUGDF က ရဲဘော်တဦး အရေးပေါ်ဆေးကုသစရိတ် လိုအပ်နေတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

MUGDF မှ ရဲဘော်ပြည့်ကြီးဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်က မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာက ပျူစောထီးတွေကို တိုက်ခိုက်ဖို့ မိုင်းထောင်ချိန်မှာ မိုင်းမတော်တဆမှုဖြစ်ပြီး ညာလက် တံတောင်ဆစ်ကို ထိခိုက်ဒဏ်ရာရခဲ့တာပါ။ 

ရရှိတဲ့ ဒဏ်ရာကို CDM ဆရာဝန်တွေနဲ့ ဖေဖော်ဝါရီလကနေ ဇူလိုင်လအတွင်း စုစုပေါင်း ၃ ကြိမ် ခွဲစိတ်မှုပြုလုပ်ခဲ့ပေမယ့် လိုအပ်တဲ့ခွဲစိတ်ကိရိယာမရှိတာကြောင့် အိန္ဒိယနိုင်ငံက ဆေးရုံတခုကို လွှဲပြောင်းခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်မနက်ဖြန်မှာ နောက်ထပ်ခွဲစိတ်မှု ပြုလုပ်ရမှာလို့ ဆိုပါတယ်။ 

”တံတောင်ဆစ်ထဲမှာ ကျည်စ ကြွင်းကျန်နေတာကို ထုတ်ရမှာပါ” လို့ MUGDFရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။ 

ခွဲစိတ်ကုသစရိတ်အတွက် ကျပ်ငွေ သိန်း ၂၀၀ လိုအပ်နေပြီး ထောက်ပံ့ကူညီလိုသူတွေအနေနဲ့ MUGDF ရဲ့ Facebook Messenger ကနေ ဆက်သွယ်နိုင်တယ်လို့လည်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။ 

လက်ရှိခွဲစိတ်ကုသမယ့် ဆေးရုံမှာရောက်ရှိနေတာ တလဝန်းကျင်လောက်ရှိနေပြီး အဲ့ဒီနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေက နေထိုင်စားသောက်မှုကို ကူညီပေးထားတယ်လို့ သိရပါတယ်။

ပုံစာ - ရဲဘော်ပြည့်ကြီးကို ရှေ့တန်းတနေရာမှာ ကုသနေမှုမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #ရဲဘော် #ကျည်ထိမှန်ဒဏ်ရာရ #ဆေးကုသ #ကုသစားရိတ်လိုအပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10