မိုင်းမတော်တဆမှုကြောင့် မျက်လုံးထိခိုက်ခဲ့တဲ့ PDFကို ခွဲစိပ်ကုသဖို့ အကူညီလိုအပ်နေ

မိုင်းမတော်တဆမှုကြောင့် မျက်လုံးထိခိုက်ခဲ့တဲ့ PDFကို ခွဲစိပ်ကုသဖို့ အကူညီလိုအပ်နေ

 

မကွေးတိုင်း၊ မင်းဘူးခရိုင် တပ်ရင်း ၃ ပြည်သူ့လွတ်မြောက်ရေးအင်အားစု စေတုတ္တရာတပ်ဖွဲ့က မိုင်းမတော်တဆပေါက်ကွဲရာက ရဲဘော်ရာဇာလီလီ ထိခိုက်ဒဏ်ရာရခဲ့ပြီး မျက်လုံးခွဲစိပ်ကုသဖို့ အကူညီလိုအပ်နေတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှာ စေတုတ္တရာနယ်မြေအတွင်း စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာချိန် တိုက်ခိုက်ဖို့ပြင်ဆင်ရာက မိုင်းမတော်တဆမှုဖြစ်ပြီး အသက် ၂၂ အရွယ် ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ရဲဘော်ရာဇာလီလီက မျက်နှာနဲ့ ခန္ခာကိုယ်တွေမှာထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ 

ဒဏ်ရာရရဲဘော်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် ဆေးရုံတခုမှာ ၁ ကြိမ်ခွဲစိပ်ကုသခဲ့ရာ ကျပ်သိန်း ၂၀၀ ကျော် ကုန်ကျခဲ့ပြီး လက်ရှိမှာ ညာဘက်မျက်လုံးကို ထပ်မံခွဲစိပ်ရမှာကြောင့် အကူအညီလိုအပ်နေတာလို့ ဆိုပါတယ်။ 

"မျက်လုံးတဖက်က ထုတ်လိုက်ရပြီ။ ကျန်တဲ့မျက်လုံးကို ပြန်မြင်နိုင်အောင် ကုသနေရတယ်။ တကြိမ်ခွဲစိပ်ပြီးပါပြီ။ သိန်း ၂၀၀ ကျော်လောက် ကုန်ကျထားပါတယ်။ ဆက်ကုသဖို့ အခက်အခဲရှိနေတာပါ " လို့ တပ်ရင်း - ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြင်းထန်ဒဏ်ရာရတဲ့ရဲဘော်ဟာ မိုင်းမတော်တဆ ပေါက်ကွဲချိန်မှာ ခန္ဓာကိုယ်အနှံ့ဒဏ်ရာတွေရရှိခဲ့တာပါ။

ခွဲစိပ်ကုသပြီးခဲ့ရင် ရဲဘော်ရဲ့ဘဝ ဆက်လက်ရပ်တည်နိုင်ရေးအတွက် မျက်မမြင်ဂေဟာကို ပို့ဆောင်ပေးရမှာ ဖြစ်သလို ကုသစားရိတ်နဲ့ကျောင်းစားရိတ်အဖြစ်လည်း ကျပ်သိန်း ၄၀ကျော် ထပ်မံကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဧပြီလ ၉ ရက်အထိ ရဲဘော်ရာဇာလီလီကို မီဇိုရမ်ပြည်ဆေးရုံမှာပဲ ဆေးဝါးကုသမှုခံယူနေတာဖြစ်သလို လူနာမှာ အစာစားနိုင်လမ်းလျှောက်နိုင်တဲ့ အနေအထားရှိတယ်လို့ တပ်ရင်း - ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းဘူး #စေတုတ္တရာ #PDF ရဲဘော် #မိုင်းမတော်တဆထိခိုက် #ပြင်းထန်ဒဏ်ရာရ #ဆေးကုသ #အကူအညီလိုအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10