မိုင်းရှောင်ပြီး လယ်ကွင်းထဲက ဖြတ်ပြန်လာတဲ့စစ်ကြောင်း မိုင်းဆွဲခံရ

မိုင်းရှောင်ပြီး လယ်ကွင်းထဲက ဖြတ်ပြန်လာတဲ့စစ်ကြောင်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၁ ရက် မနေ့ မနက် ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံး သူတွေရှိတယ်လို့ Burma Rangers (Shwe Bo) အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ် ရွှေဘို - ကျောက်မြောင်းလမ်းရဲ့ဘေး လယ်ကွင်းတွေအတိုင်း ကင်းပုန်းတွေနဲ့ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အင်အား ၆၀ ပါစစ်ကြောင်းကို မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ Burma Rangers(Shwe Bo)အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဒီက ပြောပါတယ်။

"စစ်ကောင်စီစစ်ကြောင်းက ရွှေဘိုမြိုနယ်တအုံရွာမှာ ညအိပ်ပြီး မနေ့မနက် ၇ နာရီလောက်က ခြေလျင်ထွက်လာတာပါ။ လမ်းမပေါ်က မသွားရဲဘဲ လမ်းဘေးလယ်ကွင်းလမ်းအတိုင်း ပြန်လာတာကို ရွှေဘိုကြက်မွေးမြူရေးဇုန် နောက်ကျောဘက်အရောက်မှာ တိုက်ခိုက်ခဲ့တာပါ" လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကနေ လက်နက်ငယ်တွေ စက်သေနတ်အသေးတွေအပြင် RPGနဲ့ပါ ပြန်လည်ပစ်ခတ်တာကြောင့်အင်အားမမျှလို့ တိုက်ခိုက်ရေးရဲဘော်တွေ ပြန်ဆုတ်ခွာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

တိုက်ခိုက်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာပြီးချိန်မှာတော့ စစ်တပ်ဘက် ကျဆုံးသူ ဒဏ်ရာရသူတွေနဲ့ လက်ကျန်စစ်သားတွေကို ၆ ဘီးကား ၂ စီးနဲ့ ရွှေဘိုဘက်က လာတင်ခေါ်သွားတယ်လို့ ဆိုပါတယ်။

Burma Rangers (Shwe Bo) အဖွဲ့ဟာ တိုက်ခိုက်ရေးတွေအပြင်  စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် မီးဘေးသင့်ခဲ့တဲ့ နေအိမ် ၄၁ လုံးကိုလည်း အလျားပေ ၃၀ အနံပေ ၂၀ ခေါင်အမြင့် ၁၅ ပေရှိတဲ့​ နေအိမ်ဆောက်လုပ်နိုင်ဖို့ အိမ်တိုင် ၁၁ လုံးစီကို မတ်လ ၈ ရက်က လှူဒါန်းခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10