မိုင်းလိုအပ်ချက်ရှိတဲ့အဖွဲ့အစည်းတွေကို Monywa Dynamite - Special Task Force က ထောက်ပံမည်ဟုဆို

မိုင်းလိုအပ်ချက်ရှိတဲ့အဖွဲ့အစည်းတွေကို Monywa Dynamite - Special Task Force က ထောက်ပံမည်ဟုဆို

စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ရန် မိုင်းလိုအပ်ချက်ရှိနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို မိုင်းတွေထောက်ပံ့သွားမယ်လို့ Monywa Dynamite-Special Task Force အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

Monywa Dynamite-Special Task Force အဖွဲ့က Youth Revolution Force (YRF)နဲ့ လက်တွဲပြီး မိုင်းထုတ်လုပ်ရေး Project ကို အကောင်အထည်ဆောင်ရွက်ခဲ့တာ အခုလက်ရှိမှာ မိုင်းအလုံးရေ ၁၂၀ အထိ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 

" စကစနဲ့ သူ့လက်အောက်ခံအပေါင်းအပါ ထောက်တိုင်တွေရဲ့ စစ်ကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ အရေးပေါ် မိုင်းတိုက်ခိုက်ရေးလုပ်ဆောင်ဖို့ လိုအပ်ချက်ရှိနေတဲ့ အဖွဲ့အစည်းတွေအတွက် မိုင်းထောက်ပံ့ပေးနိုင်ဖို့ပါ” လို့ Monywa Dynamite-Special Task Force မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ မိုင်းထောက်ပံ့ပေးရတာထက် တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မိုင်းမစ်ရှင်တွေ ဖော်ဆောင်နေရတာ ပိုများတယ်လို့ သိရပါတယ်။ 

"စစ်ရေးရည်မှန်းချက် မှန်ကန်တဲ့အဖွဲ့အစည်းဖြစ်ရင် ဘယ်အဖွဲ့အစည်းကိုမဆို ကူညီပေးမှာပါ" လို့ Monywa Dynamite-Special Task Force မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မိုင်းတိုက်ခိုက်ရေးအတွက် မျိုးစုံသောအခက်အခဲတွေနဲ့ မစ်ရှင်မလုပ်နိုင်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကူညီထောက်ပံ့နိုင်ရန် Monywa Dynamite-Mine Team(မိုင်းအဖွဲ့)ကို အခုနှစ် ဧပြီ ၂ ရက်တွင် စတင်ဖွဲ့စည်းပြီး မိုင်းထုတ်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - Monywa Dynamite-Special Task Force ထုတ်လုပ်ထားတဲ့ မိုင်းတွေ။

စာတည် -လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #စစ်ကြောင်း #မိုင်း #တော်လှန်ရေးအဖွဲ့အစည်း #MonywaDynamiteSpecial

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10