မိုးညိုမြို့နယ်မှာ မြစ်ရေဝင်လို့ စာသင်ကျောင်း ၆ ကျောင်း ပိတ်ထားရ

မိုးညိုမြို့နယ်မှာ မြစ်ရေဝင်လို့ စာသင်ကျောင်း ၆ ကျောင်း ပိတ်ထားရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းအနီးက ကျေးရွာတချို့ မြစ်ရေဝင်ရောက်လို့ စာသင်ကျောင်း ၆ ကျောင်းပိတ်ထားရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မိုးညိုမြို့နယ်ရှိ ရေဝင်ရောက်တဲ့ကျေးရွာတွေက အ.မ.က(ခွဲ)ကျောင်းတွေဖြစ်တဲ့ ရစ်နှောင်းကုန်းကျောင်း၊ အောင်မင်္ဂလာကျောင်း၊ အင်းတ္တော်တလုပ်ကျောင်း၊ အောင်မြင်သာယာကျောင်း၊ အ.မ.က (စိန်တိုင်)နဲ့ အ.လ.က(ခွဲ) မကျီးကုန်း ၁ ကျောင်းတို့ကို ယာယီပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေတက်လာတာဟာ ၁၀ ရက် လောက်ရှိပြီဖြစ်ကာ တရွာလုံးကို ရေဝင်နေတာဖြစ်ပေမယ့် အရင်နှစ်တွေကလောက် ဆိုးဆိုးရွားရွားရေကြီးတာမျိုးတော့ မဟုတ်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

“အနီးဝန်းကျင်က ကျောင်းတွေလည်း ကလေးတွေအန္တရာယ်ကင်းအောင်လို့ ပိတ်လိုက်တာပါ။ ဒီနေ့တော့ ရေကျစပြုလာပါပြီ“ လို့ ကျောင်းဆရာအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

မိုးညိုမြို့နယ်အနောက်ခြမ်းဟာ နှစ်စဉ်ရေကြီးနစ်မြုပ်ခံရပြီး ပြီးခဲ့တဲ့နှစ်ကလည်း စာသင်ကျောင်းတချို့ ရေဝင်ရောက်လို့ ပိတ်ခဲ့ရသေးတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၂၄ ရက်က  သာယာဝတီခရိုင် သာယာဝတီမြို့နယ်ထဲကနေဖြတ်သန်းစီးဆင်းနေတဲ့ မြစ်မခမြစ် ရေတက်ပြီး ကမ်းပါးပြိုတာကြောင့် မြစ်ကမ်းပါးအနီးနေထိုင်တဲ့ စံရွေးကျေးရွာက နေအိမ် ၉ လုံးပြောင်းရွှေခဲ့ ရပါသေးတယ်။  

ပုံစာ - ဧရာဝတီမြစ်ရေဝင်ရောက်နေသည့် မိုးညိုမြို့နယ်က စာသင်ကျောင်း(ပုံဟောင်း)။

စာတည်း - လင်းဇေ 

#မြေလတ်အသံ 

#ပဲခူးတိုင်း #သာယာဝတီ #မိုးညိုမြို့နယ် #ဧရာဝတီမြစ်ကမ် #မြစ်မခမြစ် #သတင်း #စာသင်ကျောင်း #ကျောင်းပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10