မိုးတွင်းကာလ တပ်ဖွဲ့ရိက္ခာအတွက်အသုံးဝင်တဲ့ ကိုယ်ထူကိုယ်ထ တောင်ယာစိုက်ခင်းတွေ(ရုပ်/သံ)

မကွေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်တပ်ရင်း ၂ အတွက် စားနပ်ရိက္ခာစားသုံးသီးနှံတွေအတွက် ကိုယ်ထူကိုယ်ထ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကနေ စတင်စားသုံးလာနိုင်ပြီလို့ အဲဒီတပ်ဖွဲ့ဆီကနေ သိရပါတယ်။

တပ်တွင်း ရိက္ခာဖူလှုံဖို့အတွက် ရဲဘော်ရဲမေတွေဟာ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို ဇွန်လလယ်ပိုင်းမှာ စတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။

မိုးတွင်းကာလမှာ တောင်ပေါ်ဒေသကနေ မြေပြန့်ကို ရိက္ခာအတွက် စျေးဝ​ယ်ဖို့ သွားလာရခက်ခဲတဲ့အတွက် မီးဖိုချောင်စားသုံးသီးနှံတွေကို စိုက်ပျိုးဖြစ်တာဖြစ်ပြီး စိုက်ပျိုးမြေနေရာကိုတော့ ဒေသခံမြေပိုင်ရှင်က ကူညီပေးခဲ့တယ်လို့ တပ်ရင်း ၂ ဒုတပ် ရင်းမှူး စူပါ ကပြောပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ စိုက်ခင်းတွေကရတဲ့ အသီးအနှံတွေကို နေ့တိုင်းစားသောက်နေရသလို အသားဟင်းကို အလှူရှင်ရှိမှ စားရပြီး တောကောင်တွေရတဲ့အခါမျိုးမှသာ အသားဟင်း စားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီစိုက်ခင်းမှာတော့ တောင်ကျရေကို အားထားစိုက်ပျိုးရပြီး ချဥ်ပေါင်၊ ဖရုံ၊ သခွား၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ကြက်ဟင်းခါး၊ ရုံးပတီသီး၊ ငရုတ်၊ ခရမ်းသီး စတဲ့သီးနှံမျိုးစုံကို စိုက်ပျိုးထားကြတယ်လို့ ဒုတပ်ရင်းမှူးက ပြောပါတယ်။

စိုက်ပျိုးသီးနှံတွေကိုတော့ ရဲဘော်ရဲမေတွေ ပြုစုစောင့်ရှောက်ကြပြီး ဒေသရဲ့မြေဆီမြေနှစ်ကောင်း မွန်တာကြောင့် စိုက်ပျိုးရေးဆေးဝါးတွေကို မသုံးစွဲရဘူးလို့ ဆိုပါတယ်။

မင်းဘူးခရိုင် တပ်ရင်း ၂ အတွက် ကျန်းမာရေးဆေးဝါး အကူအညီလိုအပ်နေပြီး ရွေ့ပြောင်းသွားလာရာမှာလည်း ခြေလျင်ခရီးသာ သွားနေရတဲ့အတွက် ခရီးသွားအထောက်ကူပြုပစ္စည်းတွေ လိုအပ်နေပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

#မကွေး #မင်းဘူး #PDF #ရိက္ခာခက်ခဲ #သီးနှံစိုက်ပျိုးရေး #အကူအညီလိုအပ် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10