မိုးများပြီးပျက်စီးခဲ့တဲ့ ကျောက်ထု-ဆော-ဆိပ်ဖြူ လမ်းပိုင်းကို ကိုယ်ထူကိုယ်ထပြုပြင် (Photo News)

မိုးများပြီးပျက်စီးခဲ့တဲ့ ကျောက်ထု-ဆော-ဆိပ်ဖြူ လမ်းပိုင်းကို ကိုယ်ထူကိုယ်ထပြုပြင် (Photo News)

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းက ကျောက်ထု-ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ ပျက်စီးမှုတွေရှိခဲ့တာကြောင့် ဒီပျက်စီးမှုတွေကို ကိုယ်ထူကိုယ်ထပြုပြင်နေကြတယ်လို့ ဆောဒေသခံတဦးက ပြောပါတယ်။ 

အဲ့ဒီလမ်းပိုင်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း၊ ဆောမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းက ပျက်စီးနေတဲ့နေရာ ၄ ခုကို အောက်တိုဘာ ၆ ရက်က စတင် ပြုပြင်နေကြတာလို့ဆိုပါတယ်။ 

"ဒီလမ်းကိုပဲ အားထားသွားနေရတယ်။ အမြန်ဆုံးမပြင်နိုင်ရင် ကုန်စျေးနှုန်း၊ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ကုန်မယ်။ ကျန်းမာရေးအတွက်ပါ ခက်ခဲလာနိုင်တယ်"လို့ ယောမင်းကြီးဆရာတော်က မိန့်ကြားပါတယ်။

အဲ့ဒီနေရာတွေကို ဘက်ဟိုး၊ ထွန်စက်၊ ဖောကားတွေ ငှားရမ်းပြီး ဒေသခံရွာသားတွေ၊ စစ်ရှောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းပြုပြင်နေကြတာလို့ ဆရာတော်က မိန့်ပါတယ်။ 

ပျက်စီးသွားတဲ့တဲ့ သံဘောင်တံတားနဲ့ လမ်းမြေပြိုကျတဲ့ နေရာ ၃ နေရာကိုပြုပြင်နေကြတာဖြစ်ပြီး ဒီပြုပြင်မှုတွေအတွက် ခန့်မှန်းကုန်ကျစားရိတ် ကျပ်သိန်း ၆၀၀ ကျော် ကုန်ကျနိုင်တယ်လို့ လမ်းကန်ထရိုက်တဦးက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆော-ကျောက်ထု-ဆိပ်ဖြူ #လမ်းပိုင်းပျက်စီး #ကိုယ်ထူကိုယ်ထ #ပြုပြင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10