မိုးများရေကြီးပြီး မြင်းခြံမြို့က ဘုန်ကြီးကျောင်းအုတ်တံတိုင်းပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံး

မိုးများရေကြီးပြီး မြင်းခြံမြို့က ဘုန်ကြီးကျောင်းအုတ်တံတိုင်းပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ မိုးသည်းထန်စွာရွာပြီး ပြောင်းပြာချောင်းရေတက်လာချိန် ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တခုဆီက သိရပါတယ်။  

အောက်တိုဘာ ၂၅ ရက်မနက် ၄ နာရီခွဲလောက်မှာ မြို့ပေါ်ရှိ အမှတ် ၁၀ ရပ်ကွက်၊ နယ်မြေ ၇ အတွင်းက ‘မဟာဝါဠုကာရာမ’ သဲပြင်ကျောင်းတိုက်ရှိ အမြင့် ၈ ပေ၊ အလျား ၁၅၀ ပေခန့်ရှိတဲ့ အုတ်တံတိုင်းပြိုကျခဲ့တာပါ။  

ပြိုကျမှုကြောင့် နယ်မြေ ၇ အတွင်းနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးအောင်မြင့်ဆွေ အုတ်တံတိုင်းပိသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသား ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံနာရေးကူညီမှုအသင်းမှ အမျိုးသားတဦးက ပြောပါတယ်။   

သေဆုံးအမျိုးသားအလောင်းကို မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ 

မြင်းခြံမြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၂၊ ၃၊ ၄၊ ၅၊ ၇၊ ၉၊ ၁၀ စတဲ့ရပ်ကွက်တွေကို ရေဝင်ရောက်လာတဲ့အတွက် ဒေသခံအချို့ ပြောင်းရွှေ့ခဲ့ကြရပြီး လက်ရှိမှာ ရေပြန်ကျနေပြီလို့ သိရပါတယ်။ 

Photo - MFSD.

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #မြင်းခြံ #ရေဘေး #အမျိုးသားတဦး #သေဆုံး 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10