မီးဘေးသင့်ပြည်သူတွေကို ကိုရီးယားရောက်မြန်မာတွေ ကျပ်သိန်း ၂၀၀ ထောက်ပံ့

မီးဘေးသင့်ပြည်သူတွေကို ကိုရီးယားရောက်မြန်မာတွေ ကျပ်သိန်း ၂၀၀ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲရွာက မီးဘေးသင့်ပြည်သူတွေအတွက် ဇန်နဝါရီ ၁၀ ရက်မှာ ကိုရီးယားရောက် ညောင်ပင်တဲလူငယ်များအဖွဲ့ NPT နဲ့ သူငယ်ချင်းတွေက ကျပ်သိန်း ၂၀၀ ထောက်ပံ့ခဲ့တယ်လို့ ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၂၁ ရက်မှာ ညောင်ပင်တဲရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၄၀ မီးလောင်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ဖို့ ခက်ခဲနေတဲ့အတွက် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"မီးဘေးသင့်ပြည်သူတွေမှာ ဘာပစ္စည်းမှ မရလိုက်ပါဘူး။ နေထိုင်စားသောက်ဖို့ အခက်အခဲ ရှိနေကြတယ်။ ကျေးရွာပြန်လည်ထူထောင်ဖို့ ကူညီပေးခဲ့တာ” လို့ လူငယ်အင်အားစု သပိတ်ကော်မတီဝင် ရဲဘော်ဇွဲလေးက ပြောပါတယ်။

မီးဘေးသင့် အိမ်ထောင်စု ၁၄၀ အတွက် တစုကို တဲအိမ်တလုံး ၃ သိန်းနှုန်းနဲ့ စုစုပေါင်းငွေ သိန်း ၂၀၀ ကျပ်ကို ညောင်ပင်တဲရွာ ပြန်လည်ထူထောင်ရေးကော်မတီဆီ ပေးအပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကျေးရွာအတွင်းမှာ ရှင်းလင်းရေးပြုလုပ်နေကာ ဒေသခံတွေကတော့ ယာယီမိုးကာတဲတွေထိုးကာ ပြန်လည်နေထိုင်နေကြပြီလို့ ဆိုပါတယ်။ 

ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီအဖွဲ့ဟာ လူထုသပိတ်တိုက်ပွဲတွေအပြင် စစ်ရှောင်တွေနဲ့ မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့တာ၊ ပြည်သူ့ကျန်းမာရေး၊ ကြားကာလပညာရေးကျောင်းတွေကိုလည်း ကူညီပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

     

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #မီးဘေးသင့် #ထောက်ပံ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10