မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ တော်လှန်အနုပညာနဲ့ ရံပုံငွေရှာဖွေနေ (ရုပ်\သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့နိုင်ဖို့အတွက် တော်လှန်အနုပညာနဲ့ ရံပုံငွေရှာဖွေနေကြတယ်လို့ ချင်းတွင်းမြစ် ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီအဖွဲ့ဆီက သိရပါတယ်။

မေလလယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှိ့ဖျက်ဆီးခဲ့တာကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ရှောင်နေရတဲ့ ညောင်ပင်ကြီးကျေးရွာနဲ့အနီးနားက မီးဘေးသင့် ပြည်သူတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် ထောက်ပံ့ပေးဖို့ ရံပုံငွေရှာဖွေနေတာလို့ ဆိုပါတယ်။

"အခုလို အကတွေနဲ့ သီဆိုဖျော်ဖြေတာ ပထမဆုံးအကြိမ်ပါ။ မီးဘေးသင့်ပြည်သူတွေကို ကူညီပေးဖို့ လုပ်ဖြစ်တာပါ" လို့ သပိတ်ကော်မတီအဖွဲ့ဝင် ကိုအောင်ခန့်ဇော်က မြေလတ်အသံကို ပြောပါတယ်။

တော်လှန်အနုပညာနဲ့ကပြဖျော်ဖြေရာမှာ သပိတ်ကောင်မတီး ၁၀ ဦးခန့်က ဝါသနာအရ လေ့လာသင်ယူထားတဲ့ အဆို၊ အကများနဲ့ ပြည်သူလူထုကို ဖျော်ဖြေပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အခုလို ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာနေပြည်သူတွေကို ကပြဖျော်ဖြေရာမှာ နယ်မြေခံ ပ.အ.ဖ နဲ့ ပ.က.ဖ အဖွဲ့တွေက လုံခြုံရေးအတွက်တာဝန်ယူပေးကာ အောက်ဆိုဘာလ ၁၀ ရက်ကတည်းကစကာ ကျေးရွာ ၅ ရွာကို လှည့်လည်ဖျော်ဖြေခဲ့ပြီးပြီလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဆားလင်းကြီး #မီးဘေးသင့် #ရံပုံငွေ #တော်လှန်အနုပညာ #ဖျော်ဖြေရေး #ပ.အ.ဖ #PDF #ရုပ်သံသတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10