မီးဘေးသင့်ပြည်သူတွေကို ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ငွေနဲ့သစ်ဝါးများ ထောက်ပံ့

မီးဘေးသင့်ပြည်သူတွေကို ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ငွေနဲ့သစ်ဝါးများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ် ပအဖနဲ့ ပကဖ အဖွဲ့ဝင်တွေဟာ မေလ ၁၂ ရက်မနေ့မနက် ၁၀ နာရီက မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းသူတွေ ကိုယ်စား အလှူငွေအပြင် သစ်နဲ့ဝါးတွေပါပေးအပ်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။

 


အလှူရှင်တဦးကလှူဒါန်းတဲ့ ငွေကျပ် ၁၄ သိန်း၊ ပုလဲမြို့နယ် ပအဖ၊ ပကဖတွေက ထောက်ပံ့တဲ့ သစ်နဲ့ဝါးတွေကို နှောကန်ရွာရပ်ကျေး ပအဖနဲ့ မီးဘေးသင့်ကော်မတီထံ အပ်နှံခဲ့ပြီး၊ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားခြင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့တဲ့ ငွေကျပ်သိန်း ၂၀ ကိုတော့ မီးဘေးသင့် မင်းတိုင်ပင်၊ နှောရိုး၊ ကိုင်းတွင်း၊ တုံးကန်၊ နွယ်အင်းရွာတွေအတွက် ပေးအပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကလည်း နှောကန်ကျေးရွာက မီးဘေးသင့်ပြည်သူတွေကို အလှူရှင်တွေကိုယ်စား ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၂၇ သိန်းနဲ့ စားနပ်ရိက္ခာတွေကို သွားရောက်လှူဒါန်ခဲ့ပါသေးတယ်။

စာတည်း-လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10