မီးဘေးသင့် အိမ်ထောင်စုတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၄ ဦးရဲ့ မိသားစုကို  S&C ထောက်ပံ့

မီးဘေးသင့် အိမ်ထောင်စုတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၄ ဦးရဲ့ မိသားစုကို S&C ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းနယ်ထဲက မီးဘေးသင့် ကျေးရွာ ၃ ရွာက ဒေသခံတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၄ ဦးရဲ့ မိသားစုဝင်တွေကို နိုဝင်ဘာလ ၁၁ ရက် မနေ့ကနေ့လယ်ပိုင်း မှာ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။ 

တစ်လေးလုံးနေ့ အထိမ်းအမှတ်နေ့အဖြစ် ရဲဘော် ၄ ဦးရဲ့ မိသားစု ၄ စုကို ၆ သိန်းစီနဲ့ မီးဘေးသင့်  အိမ်ထောင်စုပေါင်း ၁၀၀ တို့ကို စောင်၊ ခြင်ထောင်၊ အနွေးထည်၊ ပုဆိုး၊ ဆီ၊ ဆား၊ ကျောက်ဖရုံသီးနဲ့ အလှူငွေအချို့ကို ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ 

“ရဲဘော်တွေရဲ့ မိသားစုကအဆင်မပြေကြပါဘူး။ အခုထောက်ပံ့တာကလည်း ဘာမှ မပြောပလောက်ပါဘူး။ ဆုံးရှုံးသွားတဲ့ရဲဘော်တယောက်ကို ဘယ်လိုမှတန်ဘိုးဖြတ်လို့မရနိုင်ပါဘူး " လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က မြေလတ်အသံကိုပြောပါတယ်။

အခုလို ကူညီထောက်ပံ့တာဟာ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်တွေက လှူဒါန်းငွေတွေနဲ့ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ BPLA တပ်ဖွဲ့မှ ဒီပဲယင်းနယ်သား တပ်စိတ်မှူး ဗျတ္တ၊ တပ်စိတ်မှူးသောကြာ၊ ဒုစိတ်မှူး ဇွဲမာန်၊ ရဲဘော်တောဗိုလ် တို့ဖြစ်ပါတယ်။

ရဲဘော် ၄ ဦးရဲ့ရုပ်အလောင်းကို ခရီးဝေးကွာတဲ့အတွက် နေရပ်ကို မသယ်ယူနိုင်ဘဲ တိုက်ပွဲနယ်မြေမှာပဲ သင်္ဂြိုဟ်ခဲ့ရသလို ရဲဘော်တွေရဲ့အထိမ်းအမှတ်အဖြစ် ဂူဗိမာန် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #မီးဘေးသင့် #ကျဆုံးရဲဘော် #ထောက်ပံ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10