သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အညာဒေသက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားခဲ့ရာမှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတွေပါ မီးထဲလောင်ကျွမ်းပျောက်ဆုံးခဲ့တာကြောင့် မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းဆင်းကဒ်တွေကို မှတ်ပုံတင်ဖို့ အကြောင်းကြားလာတဲ့အခါမှာ မှတ်ပုံတင်ဖို့ အခက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ MPT ၊ Atom ၊ Ooredoo ကုမ္ပဏီကနေ မေလ ၂၇ ရက်နောက်ဆုံး ထားပြီး ဖုန်းဆင်းကဒ်တွေကို ပြန်လည်မှတ်ပုံတင်ခိုင်းနေတာမှာ ပြည်သူတွေ အခက်ကြုံနေရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က ဒေသခံတွေကဆိုပါတယ်။
"တချို့ပြည်သူတွေဆိုရင် စစ်ကြောင်းလာရင် ထွက်ပြေးကြရတယ်။ ပြေးရင်း စကစတွေနဲ့တွေ့လို့ သူတို့ရဲ့ အထုပ်လေးတွေကို လုယူသွားတဲ့အခါ မှတ်ပုံတင်တွေပါ ပါသွားကြတာ။ နောက်ပြီး မီးရှို့လို့ နေအိမ်တွေ မီးလောင်တဲ့အထဲမှာ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေနဲ့ အခြားအရေးကြီး စာရွက်စာတမ်းတွေပါ ပါကုန်တယ်။ ဘယ်လိုဆက်လုပ်ရမလဲဆိုတာတော့မသိတော့ပါဘူး" မြင်းမူမြို့နယ်က ဒေသခံတဦးက ဆိုပါတယ်။