မီးရှို့ခံရလို့ အိုးအိမ်မဲ့သွားသူတွေကို မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်း

မီးရှို့ခံရလို့ အိုးအိမ်မဲ့သွားသူတွေကို မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်တပ်က မီးရှို့လို့ အိုးအိမ်မဲ့ ဖြစ်သွားတဲ့ ကျေးရွာတရွာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီနေ့မှာ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၆၅ အိမ်ရှိပြီး တအိမ်ကို ဒန်အိုး ၁ လုံး၊ ဒယ်အိုး ၁ လုံး၊ ဇလုံ ၂ လုံး၊ ဇွန်း ၃ ချောင်း၊ ကြွေအုပ် ၁ လုံး၊ ဖလား  ၁ လုံး၊ ဆန် ၁ ပြည်၊ ဆီ ၅၀ သားဆီနဲ့ အဝတ်အထည်တွေ လှူဒါန်းခဲ့တာလို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့  ၆ ကြိမ်မြောက် လှူဒါန်းတာဖြစ်ပြီး သူတို့အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်တပ်က မီးရှို့လို့ အိုးအိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို ဆက်ပြီး လှူဒါန်းဖို့ ဆန်တင်း ၁၀၀ ကမ်ပိန်းကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10