သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မေလ ၁၄ရက် မနေ့ညက မိုခါမုန်တိုင်းကြောင့်လေပြင်းကျကာ ချင်းတွင်းမြစ်ရေမြင့်တက်လာပြီး ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းနားဘေးက ယာယီတဲတွေရေမြုပ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရပါတယ်။
"အခုတော့မုန်တိုင်းပြယ်လို့ နေပူလာပြီ။ မြစ်ရေတအားတက်လာတော့ စစ်ရှောင်တဲတွေထဲ ရေဝင်ကုန်တယ်။ သွားလာရတာခက်ခဲပြီးတော့ ချက်ပြုတ်စားသောက်ဖို့မလွယ်ကူဘဲဖြစ်နေတယ်။ ထင်းတွေလည်းရေစိုကုန်ပြီ" လို့ အညာပစ်တိုင်းထောင်အဖွဲ့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။