မုန်တိုင်းကြောင့် ဘုတလင် SRAF တပ်ဖွဲ့ စခန်းငယ်ပျက်စီးပြီး စစ်သုံးပစ္စည်းနဲ့ ရိက္ခာတွေဆုံးရှုံး

မုန်တိုင်းကြောင့် ဘုတလင် SRAF တပ်ဖွဲ့ စခန်းငယ်ပျက်စီးပြီး စစ်သုံးပစ္စည်းနဲ့ ရိက္ခာတွေဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မုံရွာအထူးတိုက်ခိုက်ရေးအဖွဲ့ - Special Regional Attacks Forces - Monywa (SRAF) တပ်ဖွဲရဲ့ ဘုတလင်အခြေစိုက် တပ်စိပ် - ၂ စခန်းငယ်ဟာ မေလ ၁၄ ရက်ညနေ ၆ နာရီလောက်က မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ခံကပြောပါတယ်။

ထုတ်လုပ်ရေး၊ တိုက်ခိုက်ရေးနဲ့ နယ်မြေခံမဟာမိတ် ချိတ်ဆက်ရေးစခန်းငယ်တခုရှိ ဘားတိုက် ၃ ခု၊ စာကြည့်တဲ၊ မီးဖိုဆောင်၊ စကားပြောစက် ၂၀ ကျော်၊ ယမ်း ၄ အိတ်အပြင် ဆန်နဲ့ စားသောက်ကုန်တွေ ပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။


"စခန်းက ချောင်းရိုးဘေးမှာရှိပြီး ကွင်းပြင်ထဲမှာဆိုတော့ မုန်တိုင်းလာမယ်ဆိုတော့ ညနေရောက်တော့ ကျနော်တို့လည်း သေနတ်နဲ့တပိုင်တနိုင်ပစ္စည်းတွေသယ်ပြီး လွတ်ရာသွားနေတာ။ မနက်မှ ပစ္စည်းတွေ မိုးရေတွေစိုပြီး ပျက်စီးတာကိုသိရတာ။ ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၃၀ ကျော်ရှိပါတယ်" လို့ SRAF -Monywa၊ မုံရွာခရိုင် အမှတ် (၁)တပ်ရင်း - Monywa People Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နာရွဲ့ဆွမ်က ပြောပါတယ်။


စခန်းပြန်လည်ထူထောင်ရေးအတွက် တတ်နိုင်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း သူက ဆက်ပြောပါတယ်။

မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက်ပျက်စီးမှုအများဆုံးရှိပြီး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး စတဲ့တိုင်းဒေသကြီးတွေအပါအဝင် အချို့သောပြည်နယ်နဲ့တိုင်းတွေမှာလည်း ရေကြီးရေလျှံတာ၊ လူသေဆုံးတာနဲ့ အဆောက်အဦးထိခိုက်ပျက်စီးတာ၊ သီးနှံစိုက်ခင်း ရေမြုပ်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#ဘုတလင် #SRAF #ရိက္ခာ #မုန်တိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10