သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မုန်းချောင်းကို ရေဆင်းခပ်တဲ့ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးပြတ်သွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
မေ ၁၈ ရက် ညနေ ၆ နာရီခန့်က မုန်းချောင်းအတွင်း ရေခပ်ဆင်းပြီး ပြန်တက်လာတဲ့ အမျိုးသမီး ၂ ဦးအနက် ၁၉ နှစ်အရွယ်အမျိုးသမီး ၁ ဦး မိုင်းထိခဲ့တာကြောင့် ခြေထောက်နှစ်ဖက်လုံး ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။
"ညာဘက်ခြေထောက်က ဒူးခေါင်းအောက်နားကနေ တုံးတိပြတ်သွားတယ်။ ဘယ်ခြေထောက်လည်း ပြတ်သွားတာပါပဲ။ အရေပြားတွဲလောင်းပဲ ကျန်ခဲ့တယ်။ ညာဘက် ရင်အုံနားမှာ ဒဏ်ရာတချက်ရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
နောက်ထပ်အမျိုးသမီးတဦးကတော့ မိုင်းစထိမှန် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိခဲ့ဘဲ လက်ရှိမှာတော့ ဆေးရုံတခုမှာ နှစ်ဦးစလုံးကို ဆေးကုသနေတယ်လို့ ဆိုပါတယ်။
မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားတဲ့အမျိုးသမီးမှာ အမျိုးသားနဲ့ ၂ နှစ်အရွယ်ကလေး ၁ ဦးရှိပြီး မိသားစု စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ဥယျာဥ်ခြံစောင့်အလုပ်ကို လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းနင်းမိခဲ့တဲ့နေရာဟာ ယခင်က စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏထိတွေ့မှုဖြစ်တဲ့ နေရာဖြစ်တာကြောင့် ဒီမိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #မုန်း #အမျိုးသမီး #နင်းမိုင်း #မြေမြှုပ်မိုင်း #ခြေထောက်ပြတ်
Share Share Share