မုံရွာက စစ်ရှောင် ၅ ထောင်ကျော် စားသောက်ဖို့ အကူညီလိုအပ်နေ

မုံရွာက စစ်ရှောင် ၅ ထောင်ကျော် စားသောက်ဖို့ အကူညီလိုအပ်နေ

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရပြီး သူတို့အတွက် စားနပ်ရီက္ခာလိုအပ်နေတယ်လို့ မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီဆီက သိရပါတယ်။ 

နိုဝင်ဘာလ ၄ ရက်ကစပြီး စစ်သားနဲ့ပျူအပါအဝင် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေက မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာအပါအဝင် အနီးရှိ ကျေးရွာ ၇ ရွာက ဒေသခံတွေ အရေးပေါ်စစ်ရှောင်နေရတာလို့ ဆိုပါတယ်။ 

"စစ်ရှောင်တွေစားဖို့ ဆန် ၊ဆီ၊ ကုန်စိမ်းသီးနှံတွေ လိုအပ်နေပါတယ်။ ကျနော်တို့လည်း နိုင်သလောက်ကူညီပေးထားပါတယ်။ အခုလို အခက်အခဲကြုံနေရတာကို တတ်နိုင်တဲ့ဘက်က ကူညီပေးစေချင်တယ်" လို့  မုံရွာ - အမြင့်လမ်း သပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် Kauk Kauk က မြေလတ်အသံကိုပြောပါတယ်။

မုံရွာမြို့နယ်အတွင်းစစ်ရှောင်စခန်း ၁၃ နေရာကျော်ရှိသလို စစ်ရှောင်ဦးရေများပြားနေတာကြောင့် ၎င်းတို့အတွက်လည်း ဆန်၊ ဆီ အပါအဝင် ရိက္ခာခြောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကူညီလိုသူတွေအနေနဲ့ မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီအဖွဲ့ Facebook Messenger ကို လာရောက်လှူဒါန်းနိုင်တယ်လို့ အဖွဲ့ဝင် Kauk Kauk က ပြောပါတယ်။ 

စစ်ရှောင်ပြည်သူတွေကို နိုဝင်ဘာလ ၅ ရက်ကတော့ မုံရွာ - အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ၊ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနဲ့ MOWYCA တာဝန်ခံတို့စုပေါင်းပြီး စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ကို ဆန်၊ ဆီ၊ ကုန်စိမ်းနဲ့ ရိက္ခာအချို့ကို သွားရောက်ထောက်ပံ့ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #စစ်ရှောင် #စားသောက်ရေး #အကူညီ #လိုအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10