မုံရွာ ကညနရုံး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ကုန်းလမ်းပို့ဆောင်ညွန်ကြားရေးရုံး (ကညန) ရုံးမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီလ၂၆ ရက် ဒီမနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတာကြောင့် တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ ဝန်ထမ်းတော့မထိပါဘူး။ သူတို့က ရုံးထဲမှာမို့ပါ။ အဲဒီစခန်းထဲမှာ စကစ အင်အား ၁၀ ယောက်လောက်ရှိပါတယ်။ အဲဒီထဲမှာမှ ၂ ယောက်ကိုပစ်ခတ်ခဲ့တယ်။ အခုလက်ရှိမှာတော့ အဲဒီရုံးမှာလုံခြုံရေးတွေ ထပ်ပြီးချထားပါတယ်။ အဲဒီရုံးရဲ့ခပ်လှမ်းလှမ်းမှာလည်း လူအင်အား ၃၀ လောက်ရှိပါတယ်”လို့ ပြောပါတယ်။


စစ်သားတွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း၊ ဓားမဆိုင်းတပ်မတော် (D.M.S.A)၊ Monywa The Boys Spring Dove ၊ Monywa Nightking၊ 5/ UG၊ နဲ့ စေတန်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို ဓားမဆိုင်းတပ်မတော်အနေနဲ့ မုံရွာမြို့ပေါ်ကို သွားရောက်ပစ်ခတ်တာဟာ အခုအကြိမ်နဲ့ဆို ၄ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10