မုံရွာက စစ်သားနဲ့ ရဲဝန်ထမ်းတွေ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ လူထုလှုပ်ရှားမှုပြုလုပ်

မုံရွာက စစ်သားနဲ့ ရဲဝန်ထမ်းတွေ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ လူထုလှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေကို ပြည်သူ့ရင်ခွင်မှ ကြိုဆိုနေကြောင်း ထုတ်ဖော်တဲ့အနေနဲ့ နိုဝင်ဘာ ၁၈ ရက်က လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့အတူ ကျေးရွာ ၄ ရွာက ပြည်သူလူထု အင်အား ၂၀၀ ကျော်နဲ့ မနက်ပိုင်း မိုးတွေရွာသွန်းနေတဲ့အချိန်မှာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ရတာလို့ ဆိုပါတယ်။

"စစ်သားနဲ့ ရဲတွေက သူတို့ရဲ့အရာရှိ လက်အောက်မှာ ဖိနှိပ်ခံနေရသူတွေ ဖြစ်တယ်။ အဲ့ဒီဖိနှိပ်ခံဘဝကနေ စစ်အာဏာရှင်စနစ်ကို ပြည်သူနဲ့အတူ တွန်းလှန်ဖို့ ဖိတ်ခေါ်ရတာဖြစ်တယ်" မုံရွာသပိတ်ကော်မတီဝင် ခန့်ဝေဖြိုးက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ လောက်ကိုင်လက်အောက်ခံ ခလရ ၁၂၉ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ကာ တပ်ရင်းတရင်းလုံးရှိ စစ်သည် ၁၂၇ ဦးနဲ့ တပ်မိသားစုဝင် ၁၃၄ ဦးကို ပြည်သူ့ရင်ခွင်မှ နွေးထွေးစွာ ကြိုဆိုနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အခုလိုဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ဖိနှိပ်ခံဘဝကနေ ဖိနှိပ်သူတွေကို တွန်းလှန်နေတဲ့တိုက်ပွဲဖြစ်တဲ့အတွက် ရုန်းထွက်ကြဖို့လိုအပ်သလို ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ပေးကြပါဖို့လည်း တိုက်တွန်းပါသေးတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြိုနယ် #စစ်ကောင်စီ #စစ်သား #ရဲ #ပြည်သူ့ရင်ခွင် #အလင်းဝင် #လူထုလှုပ်ရှားမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10