မုံရွာတပ်ရင်း ၇ မှ ကျဆုံးရဲဘော်အလောင်းကို မီးသင်္ဂြိုဟ်

မုံရွာတပ်ရင်း ၇ မှ ကျဆုံးရဲဘော်အလောင်းကို မီးသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ မုံရွာခရိုင် အမှတ် ၇ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲဘော်တဦး ဇူလိုင် ၁၉ ရက်က ရှေ့တန်းတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။             

စစ်ကိုင်းတိုင်းတနေရာမှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ရဲဘော်ဟာ အသက် ၂၂ နှစ်အရွယ်ရှိ ရဲဘော် Tiger ဆိုသူဖြစ်ပြီး ညနေ ၇ နာရီ ၂၄ မိနစ်အချိန်ခန့်မှာ ဦးခေါင်းကိုကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

" ရဲဘော်ရဲ့ဦးခေါင်းကို ကျည်ဖောက်ဝင်ဒဏ်ရာရပြီးတော့ ကျဆုံးခဲ့တာပါ။ သူ့အတွက် ကုသိုလ်ကောင်းမှုလည်း လုပ်ပေးမှာပါ။ အခုမီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်" လို့ မုံရွာခရိုင် တပ်ရင်း ၇ သတင်းတာဝန်ခံက ပြောပါတယ်။

ကျဆုံးရဲဘော်ကို ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေက စစ်အခမ်းအနားနဲ့သယ်ဆောင်ကာ အလေးနီပြုခဲ့ကြသလို သံဃာတော်တွေကို ဆွမ်းနဲ့သင်္ကန်းကပ်လှူပြီး ဇူလိုင် ၂၀ ရက် နေ့လယ် ၁ နာရီခန့်မှာ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော် Tiger ဟာ ၂၀၂၂ မေ ၈ ရက်က တော်လှန်ရေးတပ်ဖွဲ့တခုမှာ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ဖေဖော်ဝါရီ ၁၂ ရက်မှာ မုံရွာခရိုင် အမှတ် ၇ တပ်ရင်းကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

သူဟာ စစ်ပွဲတွေကိုကြိုက်နှစ်သက်သူဖြစ်သလို လက်နက်ကိုင်ရလို့မဟုတ်ဘဲ စစ်တိုက်ရတာကို ပျော်ရွှင်ကာ စစ်တိုက်နေရရင် အရာရာအားလုံးကို မေ့သွားမိတယ်ဆိုကာ စာတစောင်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ 

 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #PDF ရဲဘော် #ဦးခေါင်းကျည်ထိမှန် #ကျဆုံး #မီးသင်္ဂြိုဟ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10